အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

မြောက်ဥက္ကလာမှာ နှိပ်စက်ခံခဲ့ရသော အမျိုးသမီးတစ်ဦး

အလုပ်ရှာဖွေရန်အတွက် နယ်မှရန်ကုန်သို့ တက်လာသည့် အသက် ၂၂ အရွယ် အမျိုးသမီးတစ်ဦး ပြည့်တန်ဆာအိမ်သို့ ကျပ် ၃၀,၀၀၀ ဖြင့် ရောင်းချခံခဲ့ရပြီး အတူပျော်ပါးခဲ့ဖူးသည့် အမျိုးသား တစ်ဦးက ကောင်းမွန်စွာ ပေါင်းသင်းပါမည်ဆိုသော ကတိကိုယုံကာ ထိုသူ၏အိမ်သို့လိုက်ပါခဲ့ရာမှ တစ်လမပြည့်မီမှာပင် အပြင်းအထန် ရိုက်နှက်နှိပ်စက်ခံခဲ့ရသည့် ဖြစ်စဉ်တစ်ခု ဇူလိုင်လကုန်ပိုင်းက ဖြစ်ပွားခဲ့သည်။

မြောက်ဥက္ကလာမြို့နယ်ရှိ (ဆ) ရပ်ကွက်၊ သုနန္ဒာ (၉) လမ်းရှိ ရဲဝင်းထွန်းသည် ၎င်းကို ကောင်းမွန်စွာ ထားပါမည်၊ မိဘများကိုလည်း ထောက်ပံ့ပါမည်ဟု ကတိခံ၍ ဇူလိုင်လဆန်းပိုင်းတွင် အိမ်သို့ခေါ်လာခဲ့ကြောင်း၊ ရက် ၂၀ ခန့်အကြာတွင် တစ်ညနှင့်တစ်နေ့လုံး အိမ်ခန်းတွင်းပိတ်ကာ မူးယစ်ဆေးသုံးခိုင်းခြင်း ရိုက်နှက်ညှဉ်းပန်းခြင်း၊ ဆေးလိပ်မီးဖြင့် ထိုးခြင်း၊ ကတ်ကြေးဖြင့်ထိုးခြင်း များပြုလုပ်ခဲ့ပြီး အတင်းအကျပ် စေခိုင်းမှုများလည်း လုပ်ဆောင်ခဲ့ကြောင်း ထွက်ပြေးလွတ်မြောက်ပြီးနောက် ကာယကံရှင်အမျိုးသမီးက Myanmar Now ကို ပြောပြသည်။

[youtube https://youtu.be/fwctKhz53Qo]

Related Articles

Back to top button