
ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရုံးအနီးတွင် လက်ပစ်ဗုံးဟု ယူဆရသည့် အရာတစ်ခုကို ဇူလိုင်လ ၂၄ ရက်နေ့နံနက်ပိုင်းတွင် တွေ့ရှိခဲ့ပြီးနောက် လက်သည်တရားခံကို လုံခြုံရေးကင်မရာများမှ တစ်ဆင့်ခြေရာခံရှာဖွေလျက်ရှိသည်။
ဗုံးသတင်းကို ယင်းနေ့နံနက် ၇ နာရီတွင် ရရှိခဲ့ပြီးနောက် လုံခြုံရေးတပ်ဖွဲ့ဝင်များ သွားရောက်ရှင်းလင်းနေကြောင်း သင်္ဃန်းကျွန်းမြို့နယ်ရဲစခန်းက တာဝန်ကျအရာရှိကဆိုသည်။
[youtube https://youtu.be/3hpyGBRa8PQ]