အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ ဝန်းရံသူ ၅ ဦးကို ဗိုလ်တထောင်တရားရုံးတွင် ယနေ့စတင် ရုံးထုတ်

တပ်မတော်ကို ထိခိုက်နစ်နာစေသည်ဟုဆိုကာ တရားစွဲခံထားရသည့် ဒေါင်းတို့မျိုးဆက် သင်္ကြန်သံချပ်အဖွဲ့ဝင်များကို မေ ၂ဝ ရက်နေ့ ရုံးထုတ်စဉ်က တာဝန်ကျရဲကို ထိခိုက်နာကျင်စေသည်ဟု ဆိုကာ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဒေါ်နီလာသိန်းအပါအဝင် လူငါးဦးကို ဗိုလ်တထောင် မြို့နယ်ရဲစခန်းတွင် ပုဒ်မ လေးခုဖြင့် အမှုဖွင့်ခဲ့သည်။

ယင်းအမှုကို ဗိုလ်တထောင် မြို့နယ် တရားရုံးတွင် ယနေ့ (ဇူလိုင်လ ၂၃ ရက်)စတင်စစ်ဆေးခဲ့ပြီး မနီလာသိန်း ၊ မရှားယမုံ ၊ ကိုနန်းလင်း ၊ ကိုနိုင်ကိုသူ နှင့် ကိုမင်းဟန်ထက်တို့ ၅ ဦးကို ဝတ္တရားနှောင့်ယှက်မှု ပုဒ်မ ၃၃၂၊ လက်ရောက်မှု ၃၅၃ တို့ဖြင့် ရုံးထုတ်စစ်ဆေးခဲ့သည်။ ပုဒ်မ ၃၃၂ သည် အမြင့်ဆုံးထောင်ဒဏ်သုံးနှစ်အထိ ကျခံရနိုင်သည့် ပုဒ်မဖြစ်သည်။

ရိုက်ကူး/တည်းဖြတ် – ကေဇွန်နွေး (Myanmar Now)

[youtube https://youtu.be/7sg2MF2PZNI]

Related Articles

Back to top button