အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

ကိုကျော်မျိုးရွှေကို ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ ဃ ဖြင့် စွဲချက်တင်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား လူမှုကွန်ရက်စာမျက်နှာပေါ်တွင် အသရေပျက်စေသည့် အသုံးအနှုန်းများဖြင့် ရေးသားခဲ့သူ ဦးဝီရသူတပည့် ကိုကျော်မျိုးရွှေကို စမ်းချောင်းမြို့နယ်တရားရုံးက ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) ဖြင့် ယနေ့ စွဲချက်တင်လိုက်သည်။

ကိုကျော်မျိုးရွှေသည် ၂၀၁၇ ခုနှစ်အတွင်းက ၎င်း၏ Facebook စာမျက်နှာပေါ်တွင် ဒေါ်အောင်ဆန်းစုကြည်အား အသရေပျက်စေမည့် ဓာတ်ပုံများ၊ စာများ ရေးသားခဲ့သောကြောင့် စမ်းချောင်းမြို့နယ်တွင် နေထိုင်သည့် ဒေါ်မြမြဌေးက တရားလိုလုပ်ကာ ၆၆ ဃ ဖြင့်တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပါးကွက်ကျားနှင့် အမျိုးသမီးတစ်ဦးက ဖက်နမ်းနေသည့်ပုံကို အစ္စလာမ်ဘာသာဝင် တစ်ဦးက ဖမ်းနမ်းနေသည့်ပုံ ဖြစ်စေရန် အစားထိုးပြုပြင်၍ ကိုကျော်မျိုးရွှေ၏ Facebook စာမျက်နှာတွင် တင်ခဲ့သည့်အချက်အပြင် ပုတ်ခတ်ရေးသားမှုများ ပြုလုပ်ခဲ့သည့်အတွက် မန္တလေးမြို.တွင်နေထိုင်သည့် ကိုကျော်မျိုးရွှေကို ရန်ကုန်မြို့စမ်းချောင်းတွင်နေထိုင်သည့် ဒေါ်မြမြဌေးက တရားလိုလုပ်ပြီး စမ်းချောင်းရဲစခန်း၌ ၂၀၁၇ ခုနှစ်၊ မတ်လ ၈ ရက်နေ့က အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။

ယင်းရေးသားမှုများတွင် ‘ဗလောင်းဗလဲတတ်တဲ့ ခင်ဗျားတို့ အစိုးရအဖွဲ့နဲ့ အကိုက်ညီဆုံး အလုပ်ကလေ ယဉ်ယဉ်ကျေးကျေး ပြောရရင် ဇိမ်ခန်းထောင်တဲ့ အလုပ်ပဲ’ ဆိုသည့် အချက်အပါအဝင် ‘အာဏာရှင် အစိုးရလောက်တောင် အားမကိုးရတဲ့ ငိုးမ ဒီမိုအစိုးရ … မု .. မု’ ဟူသော ရေးသားထားချက်များလည်း ပါဝင်သည်။

[youtube https://youtu.be/TtnSnxuo4T8]

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button