အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

တရုတ်စက်ရုံပိုင်ရှင်က အလုပ်သမားများကို မူးပြီးနားရင်းရိုက်

ထမင်းစားနားနေသော အလုပ်သမားများထဲမှ သန့်ရှင်းရေးတာဝန်ကျ အလုပ်သမားသုံးဦးကို သန့်ရှင်းရေး မလုပ်ထားဟုဆိုကာ နားရင်းတစ်ချက်စီအုပ်ခဲ့ပြီး စက်ရုံအလုပ်သမားခေါင်းဆောင်အပါအဝင် နောက်ထပ် ၂ ဦးကို ထပ်မံခေါ်ထုတ်ကာ နားရင်းထပ်ရိုက်ခဲ့ခြင်းဖြစ်သည်။

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ် မြောင်းတကာရှိ DAHAU ဆီလီကွန်စက်ရုံပိုင်ရှင် တရုတ်နိုင်ငံသားက စက်ရုံအလုပ်သမား ခြောက်ဦးကို အလုပ်ချိန်အတွင်း မူးပြီးရိုက်နှက် ခိုင်းစေသည်ဆိုကာ အလုပ်သမားများက နိုင်ငံတော်သမ္မတထံ တိုင်ကြားစာကို ဇူလိုင်လ ၁၀ ရက်နေ့က ပေးပို့ခဲ့ပြီး ယနေ့မနက် ၁၁ နာရီခွဲတွင် ရိုက်နှက်ခဲ့သည့် တရုတ်အလုပ်ရှင်က ပြန်တောင်းပန်ခဲ့ခြင်းဖြစ်သည်။

အလုပ်သမားများက မူလစီစဉ်ထားသည့်အတိုင်း ရန်ကုန်မြို့ရှိ Myanmar Press Freedom Center တွင် ယနေ့ (ဇူလိုင်လ ၁၂ရက်) သတင်းစာရှင်းလင်းပွဲလုပ်ခဲ့သည်။

[youtube https://youtu.be/LKSKZcsWisI]

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button