ရုပ်သံသတင်း

တရုတ်စက်ရုံပိုင်ရှင်က အလုပ်သမားများကို မူးပြီးနားရင်းရိုက်

ထမင်းစားနားနေသော အလုပ်သမားများထဲမှ သန့်ရှင်းရေးတာဝန်ကျ အလုပ်သမားသုံးဦးကို သန့်ရှင်းရေး မလုပ်ထားဟုဆိုကာ နားရင်းတစ်ချက်စီအုပ်ခဲ့ပြီး စက်ရုံအလုပ်သမားခေါင်းဆောင်အပါအဝင် နောက်ထပ် ၂ ဦးကို ထပ်မံခေါ်ထုတ်ကာ နားရင်းထပ်ရိုက်ခဲ့ခြင်းဖြစ်သည်။

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ် မြောင်းတကာရှိ DAHAU ဆီလီကွန်စက်ရုံပိုင်ရှင် တရုတ်နိုင်ငံသားက စက်ရုံအလုပ်သမား ခြောက်ဦးကို အလုပ်ချိန်အတွင်း မူးပြီးရိုက်နှက် ခိုင်းစေသည်ဆိုကာ အလုပ်သမားများက နိုင်ငံတော်သမ္မတထံ တိုင်ကြားစာကို ဇူလိုင်လ ၁၀ ရက်နေ့က ပေးပို့ခဲ့ပြီး ယနေ့မနက် ၁၁ နာရီခွဲတွင် ရိုက်နှက်ခဲ့သည့် တရုတ်အလုပ်ရှင်က ပြန်တောင်းပန်ခဲ့ခြင်းဖြစ်သည်။

အလုပ်သမားများက မူလစီစဉ်ထားသည့်အတိုင်း ရန်ကုန်မြို့ရှိ Myanmar Press Freedom Center တွင် ယနေ့ (ဇူလိုင်လ ၁၂ရက်) သတင်းစာရှင်းလင်းပွဲလုပ်ခဲ့သည်။

[youtube https://youtu.be/LKSKZcsWisI]

Related Articles

Back to top button