ထွက်ပြေးတိမ်းရှောင်နေသည့် ဦးဝီရသူကို ရက်ပေါင်း ၃၀ အတွင်းလာရောက် အဖမ်းခံဖြေရှင်းရန် တရားရုံးကြေညာချက်များကို မန္တလေး မဟာအောင်မြေမြို့နယ်ရှိ မစိုးရိမ်တိုက်သစ်တွင်းရှိ ဓမ္မသဟာယကျောင်းတိုက်တွင် ယနေ့နံနက်က ကပ်ထားသော်လည်း အချိန်အနည်းငယ်အကြာတွင် ယင်းစာရွက် မရှိတော့ကြောင်း တွေ့ရသည်။
ယင်းနှင့် ပတ်သက်၍ တရားရုံးကြေညာချက် သွားကပ်ရာတွင် ပါသွားသည့် မဟာအောင်မြေမြို့နယ် အကွက်မှူး ဦးဌေးကျော်ကို Myanmar Now က မေးမြန်းထားသည့် ရုပ်သံဖိုင်။
[youtube https://youtu.be/SFQf5uzrYcg]