အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

ဗစ်တိုးရီးယားအမှု တရားခံဟုဆိုသူ အောင်ကြီး၏ CCTV မှတ်တမ်း

နေပြည်တော်ရှိ Wisdom Hill မူကြိုကျောင်းက အသက်သုံးနှစ် မပြည့်သေးသည့် ကလေးငယ် ဗစ်တိုးရီးယားကို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခဲ့သည်ဆိုကာ အောင်ကျော်မျိုး(ခ)အောင်ကြီးကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်သည်။ အောင်ကျော်မျိုး (ခေါ်) အောင်ကြီး (အသက် ၃၀ ယာဉ်မောင်း)ကို ဒက္ခိဏခရိုင်တရားရုံးတွင် ဇူလိုင်လ ၄ ရက်နေ့က ပုဒ်မ ၃၇၆ နှင့် အမှုစတင် တရားစွဲလိုက်ပြီ ဖြစ်ကြောင်း နေပြည်တော် ဒက္ခိဏခရိုင် တရားရုံး ပြန်ကြားရေးအရာရှိ ဒုတိယခရိုင်တရားသူကြီးက ဦးညိုဌေးက ပြောဆိုသည်။ သို့သော် ဇူလိုင်လ ၁၀ ရက်နေ့က ထွက်ပေါ်လာသည့် CCTV မှတ်တမ်းအရ အောင်ကြီးမှာ မူကြိုကျောင်း ဝင်ပေါက် တံခါးနားတွင် ထိုင်နေသည်ကိုသာ တွေ့မြင်ခဲ့ရသည်။

[youtube https://youtu.be/cPKFMNtWG9E]

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button