အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

သက္ကမိုးညိုကို ကျပ်သိန်း ၁၀၀ နှင့် ရဲတပ်ဖွဲ့ အာမခံပေး

ရဲတပ်ဖွဲ့ သိက္ခာကျဆင်းစေရန် Facebook ပေါ်တွင်ရေးသားဖော်ပြ၍ဟုဆိုကာ အီလက်ထရောနစ်ဥပဒေ ပုဒ်မ ၃၄ (ဃ) ဖြင့် အမှုဖွင့်ဖမ်းဆီးခံရသော သက္ကမိုးညိုအကောင့်ပိုင်ရှင် ကိုဝင်းကိုကိုသိန်းကို ကျပ်သိန်း ၁၀၀ နှင့် ရဲတပ်ဖွဲ့က အာမခံပေးလိုက်သည်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ညွှန်ကြားချက်ဖြင့် ပျဉ်းမနားမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်နိုင်က တရားလိုပြုလုပ်ကာ အမှုဖွင့် တရားစွဲဆိုခြင်းဖြစ်ကြောင်း ပျဉ်းမနားရဲစခန်းမှ ဒုရဲမှူးအောင်နိုင်ဦးကဆိုသည်။ တရားစွဲဆိုခံရသည့် ရေးသားချက်များမှာ မည်သည့်ရေးသားချက်များ ဖြစ်ကြောင်း မေးမြန်းမှုကိုမူ အသေးစိတ် ပြော၍ မရကြောင်း ၎င်းကပြန်လည် ဖြေကြားသည်။ အာမခံနှင့် ပြန်လည်လွတ်လာသော ကိုဝင်းကိုကိုသိန်းကမူ ယခုလ ၄ ရက်၊ ၅ ရက် နှင့် ၆ ရက်နေ့များတွင် ရေးသားခဲ့သည့် စာများကြောင့် အမှုဖွင့်သည်ဟု သိရကြောင်းဆိုသည်။

[youtube https://youtu.be/lh9Gh6Eexew]

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button