ရုပ်သံသတင်း

သက္ကမိုးညိုကို ကျပ်သိန်း ၁၀၀ နှင့် ရဲတပ်ဖွဲ့ အာမခံပေး

ရဲတပ်ဖွဲ့ သိက္ခာကျဆင်းစေရန် Facebook ပေါ်တွင်ရေးသားဖော်ပြ၍ဟုဆိုကာ အီလက်ထရောနစ်ဥပဒေ ပုဒ်မ ၃၄ (ဃ) ဖြင့် အမှုဖွင့်ဖမ်းဆီးခံရသော သက္ကမိုးညိုအကောင့်ပိုင်ရှင် ကိုဝင်းကိုကိုသိန်းကို ကျပ်သိန်း ၁၀၀ နှင့် ရဲတပ်ဖွဲ့က အာမခံပေးလိုက်သည်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ညွှန်ကြားချက်ဖြင့် ပျဉ်းမနားမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်နိုင်က တရားလိုပြုလုပ်ကာ အမှုဖွင့် တရားစွဲဆိုခြင်းဖြစ်ကြောင်း ပျဉ်းမနားရဲစခန်းမှ ဒုရဲမှူးအောင်နိုင်ဦးကဆိုသည်။ တရားစွဲဆိုခံရသည့် ရေးသားချက်များမှာ မည်သည့်ရေးသားချက်များ ဖြစ်ကြောင်း မေးမြန်းမှုကိုမူ အသေးစိတ် ပြော၍ မရကြောင်း ၎င်းကပြန်လည် ဖြေကြားသည်။ အာမခံနှင့် ပြန်လည်လွတ်လာသော ကိုဝင်းကိုကိုသိန်းကမူ ယခုလ ၄ ရက်၊ ၅ ရက် နှင့် ၆ ရက်နေ့များတွင် ရေးသားခဲ့သည့် စာများကြောင့် အမှုဖွင့်သည်ဟု သိရကြောင်းဆိုသည်။

[youtube https://youtu.be/lh9Gh6Eexew]

Show More

Related Articles

Back to top button