ရုပ်သံသတင်း

ဗစ်တိုးရီးယားအမှု တရားခံဟုဆိုသူ အောင်ကြီး၏ CCTV မှတ်တမ်း

နေပြည်တော်ရှိ Wisdom Hill မူကြိုကျောင်းက အသက်သုံးနှစ် မပြည့်သေးသည့် ကလေးငယ် ဗစ်တိုးရီးယားကို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခဲ့သည်ဆိုကာ အောင်ကျော်မျိုး(ခ)အောင်ကြီးကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်သည်။

အောင်ကျော်မျိုး (ခေါ်) အောင်ကြီး (အသက် ၃၀ ယာဉ်မောင်း)ကို ဒက္ခိဏခရိုင်တရားရုံးတွင် ဇူလိုင်လ ၄ ရက်နေ့က ပုဒ်မ ၃၇၆ နှင့် အမှုစတင် တရားစွဲလိုက်ပြီ ဖြစ်ကြောင်း  နေပြည်တော် ဒက္ခိဏခရိုင် တရားရုံး ပြန်ကြားရေးအရာရှိ ဒုတိယခရိုင်တရားသူကြီးက ဦးညိုဌေးက ပြောဆိုသည်။

သို့သော် ဇူလိုင်လ ၁၀ ရက်နေ့က ထွက်ပေါ်လာသည့် CCTV မှတ်တမ်းအရ အောင်ကြီးမှာ မူကြိုကျောင်း ဝင်ပေါက် တံခါးနားတွင် ထိုင်နေသည်ကိုသာ တွေ့မြင်ခဲ့ရသည်။

[youtube https://youtu.be/cPKFMNtWG9E]

Show More

Related Articles

Back to top button