ရုပ်သံသတင်း

၅၉(စ) ကာကွယ်စောင့်ရှောက်ပွဲ အဓိပ္ပာယ်နားမလည်ဟု ပါဝင်သူအချို့ဆို

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၉(စ) ကာကွယ်စောင့်ရှောက်ရေး၊ အမျိုးဘာသာ သာသနာ ကာကွယ်စောင့်ရှောက်ရေး ခေါင်းစဉ်ဖြင့် လူဦးရေ တစ်ထောင်နီးပါး ပါဝင်သော ဆန္ဒထုတ်ဖော်ပွဲကို ရန်ကုန်မြို့တွင် ယနေ့ပြုလုပ်ခဲ့သည်။ သံဃာအပါး ၆၀ ခန့်အပါအဝင်နှင့် လူဦးရေ ၁၀၀၀ နီးပါး ပါပြီး ရွှေတိဂုံစေတီအရှေ့ဘက်မုခ်ရှိ ကြေးသွန်းဘုရားကြီးရှေ့မှ မဟာဗန္ဓုလပန်းခြံသို့ ယနေ့ညနေပိုင်းတွင် ချီတက်ဆန္ဒပြခဲ့ကြသည်။

“ပုဒ်မ ၅၉(စ) ကာကွယ်စောင့်ရှောက်ရေး ဒို့အရေး…

အမျိုးဘာသာ သာသနာကို ချီးမြှင့်ထောက်ပံ့သော အုပ်ချုပ်သူများ ပေါ်ထွက်လာရေး ဒို့အရေး…

အမျိုးဘာသာ သာသနာ ကာကွယ်စောင့်ရှောက်ရေး ဒို့အရေး…

အမျိုးဘာသာ သာသနာ တည်တံ့ခိုင်မြဲရေး ဒို့အရေး…” စသော

ဆောင်ပုဒ်ကြွေးကြော်သံများဖြင့် သံပြိုင်အော်ဟစ်ခဲ့ကြသော်လည်း အဓိပ္ပာယ်နားမလည်ဟု ဆန္ဒပြပွဲတွင် ပါဝင်သူအချို့ထံမှ သိရသည်။

ဆန္ဒပြရာတွင် ပါဝင်သူတစ်ဦးက “အဲ့ဒါတော့ ဘယ်လိုမှ နားမလည်ပါဘူး ….. သူများအော်ရင် အော်မယ်၊ သူများလုပ်ရင် လုပ်မယ်။ ကျွန်တော်ကတော့ပြတ်ပြတ်ပဲ” ဟုလည်း ပြောဆိုထားသည်။

[youtube https://youtu.be/2HwN65hDjSM]

Show More

Related Articles

Back to top button