
ရဲတပ်ဖွဲ့ သိက္ခာကျဆင်းစေရန် Facebook ပေါ်တွင်ရေးသားဖော်ပြ၍ဟုဆိုကာ အီလက်ထရောနစ်ဥပဒေ ပုဒ်မ ၃၄ (ဃ) ဖြင့် အမှုဖွင့်ဖမ်းဆီးခံရသော သက္ကမိုးညိုအကောင့်ပိုင်ရှင် ကိုဝင်းကိုကိုသိန်းကို ကျပ်သိန်း ၁၀၀ နှင့် ရဲတပ်ဖွဲ့က အာမခံပေးလိုက်သည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ညွှန်ကြားချက်ဖြင့် ပျဉ်းမနားမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်နိုင်က တရားလိုပြုလုပ်ကာ အမှုဖွင့် တရားစွဲဆိုခြင်းဖြစ်ကြောင်း ပျဉ်းမနားရဲစခန်းမှ ဒုရဲမှူးအောင်နိုင်ဦးကဆိုသည်။
[youtube https://youtu.be/lh9Gh6Eexew]