အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
နိုင်ငံတကာသတင်းသတင်း

ယီမင်နှင့် ပင်လယ်ကွေ့ဒေသရေပြင် ထိန်းချုပ်ရန် စစ်ရေးမဟာမိတ်များကို အမေရိကန် စုစည်း

အီရန်နှင့် ယီမင်တစ်ဝိုက်ရှိ ရေပြင်ကို စောင့်ကြပ်နိုင်ရေးအတွက် နိုင်ငံတကာ စစ်ရေးမဟာမိတ်အဖွဲ့ကို ဖွဲ့စည်းလိုသည်ဟု အမေရိကန် ထိပ်တန်းဗိုလ်ချုပ်ကြီးတစ်ဦးက ယနေ့ ပြောကြားလိုက်သည်။

မရှိမဖြစ် အရေးပါသော ကုန်သွယ်ရေလမ်းကြောင်းများဖြစ်သည့် အရှေ့အလယ်ပိုင်းရေပြင်တွင် လွတ်လပ်စွာ ရေကြောင်းသွားလာမှုကို အာမခံချက်ပေးလိုသည်ဟု မရိန်းတပ်ဗိုလ်ချုပ်ကြီး ဂျိုးဇက်ဒန်းဖို့ဒ်က ပြောကြားသည်။

အမေရိကန်ပြည်ထောင်စုသည် အဆိုပါ အစီအစဉ်များကို ထောက်ခံအားပေးရန် စိတ်ရင်းစေတနာရှိသော နိုင်ငံတို့နှင့် ဆွေးနွေးလျက်ရှိသည်ဟု ဗိုလ်ချုပ်ကြီး ဂျိုးဇက်ဒန်းဖို့ဒ်က ပြောကြားသည်။

အမေရိကန်က စစ်သင်္ဘောများကို ညွှန်ကြား၊  ထိန်းချုပ်မည်ဖြစ်ပြီး ယင်းစစ်သင်္ဘောများအကြား မော်တော်များဖြင့် ကင်းလှည့်ရေး တာဝန်ကိုမူ ပူးပေါင်းဆောင်ရွက်မည့် အခြားနိုင်ငံတို့ ယူစေလိုသည်ဟု ဆိုသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ထို့သို့ ပါဝင်မည့်နိုင်ငံတို့ လုပ်ဆောင်ပေးနိုင်မည့် အစီအစဉ်များကို စိစစ်သတ်မှတ်ရန်အတွက် သက်ဆိုင်ရာစစ်တပ်များနှင့် တိုက်ရိုက် ဆက်သွယ် လုပ်ဆောင်သွားမည်ဟု ဗိုလ်ချုပ်ကြီးဒန်းဖို့ဒ်က ပြောကြားသည်။

ဟော်မုဇ်နှင့် ဘတ်အယ်လ်မန်ဒက် ရေလက်ကြားများသည် ပင်လယ်ကွေ့နှင့် ပင်လယ်နီသို့ သမုဒ္ဒရာမှ ဝင်ရောက်သည့်လမ်းကြောင်းများ ဖြစ်သောကြောင့် မဟာဗျူဟာမြောက် အရေးပါခြင်းဖြစ်သည်။

ရေကြောင်းလမ်း လုံခြုံရေး အစီအစဉ်၏ အရွယ်အစားသည် ပူးပေါင်းပါဝင်မည့် နိုင်ငံအရေအတွက်အပေါ် မူတည်သည်ဟု ၎င်းက ပြောကြားသည်။

နေ့စဉ် ရေနံစည် လေးသန်းခန့် ကမ္ဘာအနှံ့သို့ ခရီးဆန့်ရန်အတွက် ဘတ်အယ်လ်မန်ဒက် ရေလက်ကြားကို အသုံးပြုဖြတ်သန်းလျက်ရှိသည်။

ဇွန်လအတွင်းက ဟော်မုဇ်ရေလက်ကြား၏ အပြင်ဘက်တွင် ရေနံတင်သင်္ဘောနှစ်စင်း မိုင်းခွဲတိုက်ခိုက်ခံရမှုကို အီရန်က ကျူးလွန်ခဲ့သည်ဟု အမေရိကန်ဘက်က စွပ်စွဲထားသော်လည်း အီရန်အစိုးရက ငြင်းဆန်လျက်ရှိသည်။

ထို့နောက် ရက်ပိုင်းအကြာတွင် အမေရိကန်ဒရုန်းတစ်စင်းကို အီရန်က ပစ်ချခဲ့သည်။ ၎င်းဒရုန်းသည် အီရန်လေပိုင်နက်ထဲသို့ ဝင်ရောက်ခဲ့သည်ဟု အီရန်တို့က စွပ်စွဲသော်လည်း အမေရိကန်ဘက်ကမူ နိုင်ငံတကာရေပြင်၏ အထက်တွင် ပျံသန်းခဲ့ခြင်းဖြစ်သည်ဟု အခိုင်အမာဆိုခဲ့သည်။

အမေရိကန်က လက်တုံ့ပြန်သည့် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ရန် စီစဉ်ခဲ့သော်လည်း နောက်ပိုင်းတွင် သမ္မတထရမ့်က ပယ်ဖျက်ခဲ့သည်။

အီရန်တို့က အမေရိကန်၏ အရေးယူပိတ်ဆို့မှုကြောင့် ရေနံတင်ပို့ရောင်းချခွင့် မရနိုင်တော့ပါက ဟော်မုဇ်ရေလက်ကြားကို ပိတ်ပစ်မည်ဟု ခြိမ်းခြောက်ထားသည်။

Credit: BBC 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles