အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

တအာင်းလက်နက်ကိုင်အဖွဲ့ဝင် ၃ ယောက်ကို ဖမ်းမိဟု တပ်မတော်ထုတ်ပြန်

ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ်တွင် တအာင်းလက်နက်ကိုင်အဖွဲ့ (TNLA) မှ တပ်ဖွဲ့ဝင် ယောက်ကို ဇူလိုင် ရက်နေ့က ဖမ်းဆီးရမိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက နောက်တစ်ရက်တွင် သတင်းထုတ်ပြန်သည်။

ဆန်းလွင်၊ အိုက်မုံး၊ အိုက်ငိုတို့ သုံးဦးကို နမ္မတူမြို့နယ် နားမတ်ကျေးရွာအနီးတွင် ဖမ်းဆီးရမိခြင်းဖြစ်ပြီး စစ်ဆေးမေးမြန်းမှုများအရ ၎င်းတို့ ဦးမှာ ၂၀၁၄ ခုနှစ်တွင် TNLA အဖွဲ့မှ လူသစ်စုဆောင်း ခံရသူများဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်ကဆိုသည်။

ဖမ်းဆီးထားသူ ဦးကို စစ်ဆေးမေးမြန်မှုများပြီးပါက ရဲတပ်ဖွဲ့ထံ လွှဲပြောင်းသွားမည်ဖြစ်ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောသည်။

အလင်းဝင်တာမဟုတ်ဘဲ ဖမ်းဆီးရမိတာဆိုတော့ ဥပဒေအရပဲ ဆက်လက်ဆောင်ရွက်သွားမှာပါ ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။

တပ်မတော်မှ ဖမ်းဆီးထားသည်ဆိုသည့် TNLA တပ်ဖွဲ့ဝင် ဦးမှာ ၎င်းတို့တပ်ဖွဲ့ဝင်များဟုတ်မဟုတ် မသေချာသေးကြောင်း TNLA အဖွဲ့၏ ပြောခွင့်ရ ဗိုလ်မှူးတာအိုက်ကျော်က Myanmar Now ကို ပြောသည်။

ကျွန်တော်တို့ပြန်ပြီး စစ်ဆေးနေတုန်းပဲရှိသေးတယ် ဘာမှအတည်ပြုချက်မရသေးပါဘူးဟု ဗိုလ်မှူး တာအိုက်ကျော်က ပြောသည်။

ကချင်လက်နက်ကိုင်အဖွဲ့ (KIA) ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) ကိုးကန့်လက်နက်ကိုင်အဖွဲ့ (MNDAA) တို့နှင့်အတူ မြောက်ပိုင်းမဟာမိတ် အဖွဲ့ဝင်ဖြစ်သည့် TNLA အဖွဲ့သည် တပ်မတော်နှင့် နှစ်ဖက်အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ် ရေးထိုးရန် ဆွေးနွေးနေသည့်အဖွဲ့ဖြစ်သည်။

ရှမ်းပြည်နယ် မြောက်ပိုင်းတစ်ခွင်တွင် အခြေစိုက်သည့် TNLA အဖွဲ့သည် တပ်မတော်၏ တစ်ဖက်သတ်အပစ်ရပ်ကာလ လတာအတွင်းမှာပင် တပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်သည်။

ကျန်ခဲ့သည့် ဇွန်လ ၃၀ ရက်နေ့ကလည်း ရခိုင်လက်နက်ကိုင်အဖွဲ့ AA မှတပ်သားတစ်ဦး ကချင်ပြည်နယ် ဗန်းမော်မြို့တွင်ရှိသည့် တပ်မတော်စခန်းတစ်ခုသို့ အလင်းဝင်ရောက်လာကြောင်း တပ်ဘက်က သတင်းထုတ်ပြန်ခဲ့ပြီး AA ပြောခွင့်ရ ခိုင်သုခကတော့ ထိုသို့အလင်းဝင်ရောက်ခြင်းမရှိကြောင်းနှင့် တပ်ဘက်မှ ဝါဒဖြန့်ခြင်းသာဖြစ်ကြောင်း ငြင်းဆိုထားသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button