
ဗိုလ်ချုပ်ကြီးနေဝင်းအစိုးရက တက္ကသိုလ်ကျောင်းသားတွေအပေါ် ဖိနှိပ်ချုပ်ချယ်တဲ့ ကျောင်းဆောင်စည်းကမ်းသစ်တွေ ချမှတ်လိုက်တဲ့အတွက် ကျောင်းသားတွေက ဆန့်ကျင်ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။ ၁၉၆၂ ဇူလိုင် ၇ ရက်နေ့မှာ ဆန္ဒပြကျောင်းသားတွေကို စစ်တပ်က သွေးချောင်းစီးအောင် ပစ်ခတ်သတ်ဖြတ်ခဲ့ပါတယ်။ ကျောင်းသားများစွာ သေဆုံး ဒဏ်ရာရခဲ့ရသလို ကျောင်းသားသမဂ္ဂ အဆောက်အအုံကြီးကို ဇူလိုင် ၈ ရက် မနက်ပိုင်းမှာ ဗုံးခွဲ ဖျက်ဆီးလိုက်ပါတယ်။ ယနေ့ (ဇူလိုင်လ ၅ ရက်)မှာတော့ ၅၇ နှစ်မြောက် ဆဲဗင်းဇူလိုင်နေ့ အခမ်းအနားကို ဒဂုံတက္ကသိုလ်မှာ ကျင်းပခဲ့ပါတယ်။ ဒီအခမ်းအနားမှာ ကျောင်းသားလှုပ်ရှားမှုသမိုင်း သတင်းတွေ၊ ဓာတ်ပုံတွေကို ပြသထားပါတယ်။ ဒီအခမ်းအနားကို ရုပ်သံအဖြစ် တင်ဆက်ပေးလိုက်ပါတယ်။
[youtube https://youtu.be/IRh7lwHbGNM]