
လျှပ်စစ်မီတာခ ကောက်ခံမှုပုံစံပြောင်းလဲပြီး စနစ်သစ်နဲ့ တိုးမြှင့်ပြောင်းလဲကောက်ခံမှုအပေါ် ကန့်ကွက်ဆန္ဒပြမှုတွေ ရန်ကုန်မြို့မှာ ဇူလိုင်လ ၁ ရက်နေ့က စတင်ပြီး နေ့စဉ်ပြုလုပ်နေပါတယ်။ သုံးရက်တိုင်လာပြီဖြစ်တဲ့ ဆန္ဒပြမှုတွေမှာ မြို့နယ်တွေကွဲပြားပေမယ့် ကြွေးကြော်သံတွေ ကိုင်ဆောင်တဲ့ဗီနိုင်းတွေဟာ ပုံစံတူတွေနဲ့ ချီတက်ဆန္ဒပြနေကြပါတယ် ။ ဒီနေ့ တောင်ဥက္ကလာပမြို့နယ်မှာ ပြုလုပ်တဲ့ ဆန္ဒပြပွဲမြင်ကွင်းတွေကိုတော့ ဒီရုပ်သံသတင်းမှာ ကြည့်ရှုနိုင်ပါတယ်။
ရိုက်ကူး-ဇော်ရဲသွေး/Myanmar Now



