
လျှပ်စစ်ဓာတ်အား သုံးစွဲတဲ့ ပမာဏအပေါ်မူတည်ပြီး မီတာခကို တိုးမြှင့်ကောက်ခံသွားမဲ့ အစိုးရရဲ့ ဆုံးဖြတ်ချက်အပေါ် လက်ခံသူတွေရှိသလို ကန့်ကွက်သူတွေလည်းရှိနေပါတယ်။ ကန့်ကွက်သူတွေကတော့ ဇူလိုင်လ ၁ ရက်နေ့က စတင်ပြီး ဆန္ဒပြခဲ့ကြပါတယ်။ ဇူလိုင်လ နှစ်ရက်နေ့မှာလည်း မင်္ဂလာဒုံ၊ ဒလ နဲ့ ဒဂုံမြို့သစ်မြောက်ပိုင်း မြို့နယ်တွေမှာ ထပ်မံဆန္ဒပြခဲ့ပြီးတော့ အမျိုးသားရေးလှုပ်ရှားမှုလို့ဆိုတဲ့ လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့ဖူးသူတွေက ပါဝင်ခဲ့ကြပါတယ်။ ဆန္ဒပြမြင်ကွင်းတွေကို ဒီရုပ်သံဖိုင်မှာ ကြည့်ရှုနိုင်ပါတယ်။
(ရိုက်ကူး-စိုင်းဇော်/Myanmar Now)