ရုပ်သံသတင်း

ကြည့်ရှုသူသန်းနဲ့ချီရှိခဲ့တဲ့ ရုပ်သံသတင်း

(Myanmar Now သတင်းဌာနက ထုတ်လုပ်ထားသော ဗီဒီယိုများတွင် Facebook ကြည့်ရှုသူအများဆုံး ရုပ်သံသတင်းကို ပြန်လည်တင်ဆက်ပေးလိုက်ပါသည်)

သက်ငယ်မုဒိမ်းကျူးလွန်သူကို အလုပ်နဲ့ထောင်ဒဏ် ၁၀ နှစ်ချ

————————————

ပဲခူးတိုင်းဒေသကြီး အင်းတကော်မြို့နယ်မှာ အသက်မပြည့်သေးတဲ့ ခယ်မကို မုဒိမ်းမှုကျူးလွန်ခဲ့တဲ့ အမျိုးသားတစ်ဦးကို ၂၀၁၈ ခုနှစ် ဇူလိုင်လ ရက်နေ့က ပဲခူးခရိုင်တရားရုံးကနေ အလုပ်နဲ့ထောင်ဒဏ် (၁၀)နှစ်ချမှတ်လိုက်ပါတယ်။

မုဒိမ်းမှုကျူးလွန်ခဲ့တဲ့ တရားခံဦးရဲထွန်းကို ပြီးခဲ့တဲ့နှစ် ဩဂုတ်လထဲက ဖမ်းဆီးထားတာဖြစ်ပါတယ်။

လက်ရှိ အင်းတကော်မြို့နယ်က ကျူ းလွန်ခံရတယ်ဆိုတဲ့ မိန်းကလေးက ကိုယ်ဝန်ရရှိပြီး ကလေးမီးဖွားခဲ့တာ ()လရှိပြီဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ()နှစ်ခန့်က တရားခံဦးရဲထွန်းအနေနဲ့ ကျူ းလွန်ခံရတဲ့ မိန်းကလေးရဲ့ အမဖြစ်သူကိုလည်း အခုလို အသက်မပြည့်ဘဲ ကျူ းလွန်ခဲ့တာမျိုးရှိခဲ့ပြီး လူကြီးစုံရာနဲ့ လက်ထပ်ပေါင်းသင်းခဲ့တာ အခုအမှုဖြစ်ပွားချိန်အထိဖြစ်သလို အဲဒီမတိုင်ခင်ကလည်း ပထမအိမ်ထောင်နဲ့ သားသမီးတွေရှိတယ်လို့ ကျူ းလွန်ခံရတဲ့ မိန်းကလေးရဲ့ မိခင်ကပြောပါတယ်။

မုဒိမ်းမှုနဲ့ အလုပ်နဲ့ထောင်ဒဏ် (၁၀)နှစ်ချမှတ်ခံရတဲ့ တရားခံဦးရဲထွန်းက အဲဒီမိန်းကလေးက ခိုးရာအကြိမ်ကြိမ်လိုက်ခဲ့ပြီး ကိုယ်ဝန်ရလာမှ သူ့ကိုယ်ကျူ းလွန်တယ်လို့စွပ်စွဲတာဖြစ်တယ်လို့ ဇူလိုင်လ ()ရက်နေ့ က Myanmar Now ကိုပြောပါတယ်။

ကာယကံရှင်မိသားစုအနေနဲ့ ချမှတ်တဲ့ထောင်ဒဏ်က သာမန်မုဒိမ်းမှုပြစ်ဒဏ်သာဖြစ်နေတဲ့အတွက် သက်ငယ်မုဒိမ်းမှု ထောင်ဒဏ်ပြောင်းလဲနိုင်အောင် တိုင်းတရားလွှတ်တော်အထိ တက်ရောက်ဖို့ရှိနေပါတယ်။

လက်ရှိသက်ငယ်မုဒိမ်းမှုအတွက် အမြင့်ဆုံးထောင်ဒဏ် နှစ်(၂၀)အထိ ချမှတ်နိုင်တာဖြစ်ပါတယ်။

ရိုက်ကူး/တည်းဖြတ်ကေဇွန်နွေး (Myanmar Now)

[youtube https://youtu.be/YpY0Zn6VgBM]

Show More

Related Articles

Back to top button