အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

တပ်က ၆၆ (ဃ)ဖြင့် အမှုဖွင့်ထားသော မန္တလေးသတင်းထောက်ကို ရဲက အာမခံပေး

Channel Mandalay သတင်းထောက် ကိုဝင်းနိုင်ဦးကို ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ ()ဖြင့် တပ်မတော်က အမှုဖွင့်ထားမှုကို ယနေ့ ပြင်စာရဲစခန်းတွင် စစ်ဆေးရာ၌ သတင်းထောက်က အာမခံမယူဘဲ အချုပ်ဖြင့်တရားရင်ဆိုင်မည် ဆိုသော်လည်း ရဲက အာမခံပေးလိုက်သည်။

ကျွန်တော်က အာမခံမယူဘူး၊ ဒါပေမဲ့ ရဲက သူတို့ပေးရမယ့်တာဝန်ရှိတယ်၊ မယူရင် တာဝန်ဝတ္တရားနှောင့်ယှက်တာဖြစ်တယ်ဆိုပြီး ကိုယ်ပိုင်ခံဝန်ပေးလွှတ်လိုက်ပါတယ် ဟု ကိုဝင်းနိုင်ဦးက ပြောသည်။

ပြင်ဦးလွင်တွင် တပ်မတော်က နို့စားနွားမွေးမြူရန် ခြံခတ်ရာမှ ဖြစ်ပေါ်ခဲ့သော မြေယာအငြင်းပွားမှုကိစ္စကို တောင်သူ ဦးက သတင်းစာရှင်းလင်းခဲ့ပြီး ယင်းသတင်းကို ရုပ်သံအဖြစ် တင်ဆက်ခဲ့သည့် သတင်းထောက်နှင့် အဆိုပါ တောင်သူ ဦးကို တပ်မတော်က ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ ()ဖြင့် အမှုဖွင့်လိုက်ခြင်းဖြစ်သည်။

ကျွန်တော်တို့က ဥပဒေအရ အာမခံပေးကိုပေးရမယ့် ပုဒ်မမို့ ကျွန်တော်တို့က ပေးကိုပေးရပါမယ်၊ သူမယူလည်း ကိုယ်ပိုင်ခံဝန်ပေးရမယ့် တာဝန် ကျွန်တော်တို့က ရှိလို့ ပေးရပါမယ် ဟု ပြင်စာရဲစခန်းမှ အမှုစစ်ရဲအရာရှိက ပြောသည်။

ယခုကဲ့သို့အမှုဖွင့်ခံရခြင်းမှာ တပ်မတော်က ခြံစည်းရိုးခတ်မှုများ၊ အဓိကရုဏ်းများ၊ ဆန္ဒပြရာနေရာများသို့ သတင်းထောက်များ မလာရောက်နိုင်ရန် စံပြအနေဖြင့် သတိပေးခြင်းဖြစ်ကြောင်း ကိုဝင်းနိုင်ဦးက ဆိုသည်။

ကျွန်တော်က သတင်းဖော်ပြတာပါ၊ ကျွန်တော်တို့ ထုတ်လွှင့်ခဲ့တဲ့ ရုပ်သံမှာ တပ်မတော်ကို စော်ကားတာ၊ တိုက်ခိုက်တာ တစ်ခုမှမပါပါဘူး၊ ကျွန်တော်တို့ သတင်းထောက်တွေကို သူတို့ အမျိုးမျိုးဖိနှိပ်နေကြတယ်ဟု ၎င်းက ဆက်ပြောသည်။

ယခုစွဲဆိုသောပုဒ်မမှာ မီဒီယာသမားတစ်ဦးအတွက် မတရားစွဲဆိုထားသော ပုဒ်မဖြစ်ပြီး၊ တရားမျှတမှုကို မခံစားရသောကြောင့် ၎င်း၏သတင်းထောက်က အာမခံမယူဘဲ အချုပ်ဖြင့် တရားရင်ဆိုင်ရန် လုပ်ဆောင်ခြင်းဖြစ်ကြောင်း Channel Mandalay TV အယ်ဒီတာချုပ် ကိုမင်းဒင်က ပြောသည်။

ဒီလိုတွေသာ တရားစွဲဆိုခံနေရမယ်ဆိုရင် သတင်းထောက်တွေဟာ တရားရင်ဆိုင်နေရတာနဲ့ပဲ ပြည်သူတွေရဲ့သတင်းအချက်သိပိုင်ခွင့်တွေ၊ သတင်းမှန်သိပိုင်ခွင့်တွေဟာ  ဆုံးရှုံးတော့မှာ ဖြစ်ပါတယ်ဟု ၎င်းက ဆက်ပြောသည်။

တောင်သူ ဦးနှင့် သတင်းထောက်ကို ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ ()ဖြင့် တပ်မတော်က မည်သည့် အကြောင်းရင်းကြောင့် အမှုဖွင့်သည်ဆိုခြင်းကို အမှုစစ်အရာရှိအား Myanmar Now က မေးမြန်းသော်လည်း ဖြေကြားခြင်းမရှိဘဲ စခန်းမှူးကိုသာ မေးရန် ဖြေဆိုသဖြင့် စခန်းမှူးကို ဆက်သွယ်သော်လည်း ဆက်သွယ်၍ မရသေးပေ။

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ် အမှတ်၃နယ်မြေ၊ လွန်ကောင်းကျေးရွာအုပ်စု၊ ဝါးနက်ကျေးရွာ၊ မင်းတည်းကွင်းတွင် အမှတ် ၁၂၁ ထောက်ပံ့နှင့် ပို့ဆောင်ရေးတပ်ရင်းက နို့စားနွားမွေးမြူ ရေး စီမံကိန်းဧရိယာအဖြစ် နယ်နိမိတ်သတ်မှတ်ကာ ၁၇၃ ဧက ကို ဧပြီလ ၂၉ရက်နေ့ နံနက်က ခြံစည်းရိုးခတ်လိုက်၍ ဒေသခံတောင်သူများနှင့် မြေယာအငြင်းပွားမှု ဖြစ်နေခြင်းဖြစ်သည်။

ယခုလ ၁၉ ရက်နေ့က အဆိုပါ တောင်သူ ဦးက တပ်မတော်၏ နို့စားနွားမွေးမြူရန် ခြံခတ်ရာမှ ဖြစ်ပေါ်ခဲ့သော မြေယာအငြင်းပွားမှုကိစ္စကို မန္တလေးရှိ မြန်မာနိုင်ငံလုံးဆိုင်ရာ တံခွန် တောင်သူလယ်သမားသမဂ္ဂရုံးတွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီး ယင်းသတင်းစာရှင်းလင်းပွဲ သတင်းကို Channel Mandalayက မေလ၁၉ရက်နေ့တွင် ရုပ်သံသတင်းအနေနှင့် ဖော်ပြခဲ့သည်။

အဆိုပါသတင်းဖော်ပြမှုနှင့် ပတ်သက်ပြီး အမှတ် ၁၂၁ ထောက်ပံ့နှင့် ပို့ဆောင်ရေးတပ်ရင်းမှ ဗိုလ်ကြီးရဲကိုကိုဦးက တရားလိုပြုလုပ်ပြီး ပြင်စာရဲစခန်းသို့ တိုင်ကြားခဲ့ခြင်းဖြစ်သည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button