အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ပြင်ဦးလွင် ဂျပန်လျှိုတွင် ကျောက်တောင်ပြိုကျ၍ ၃ ဦးသေဆုံး

မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ အုန်းချောကျေးရွာအနီး ဂျပန်လျှိုတွင် မေလ၂၆ရက်နေ့မနက်ပိုင်းက ကျောက်ထုတ်ရာမှ ပြိုကျမှုဖြစ်ရာ လူနှစ်ဦးသေဆုံးပြီး၊နှစ်ဦးဒဏ်ရာပြင်းထန်ကာ မန္တလေးအထွေထွေဆေးရုံကြီးသို့ တင်ပို့ကုသရာ ညပိုင်းတွင် တစ်ဦးထပ်မံသေဆုံးသွားကြောင်း မြို့နယ်မီးသတ်ဦးစီးမှူး ကိုနေမျိုးလင်းကပြောသည်။

မနေ့ကနှစ်ဦးသေတယ်၊ နှစ်ဦးက ဒဏ်ရာပြင်းထန်လို့ မန္တလေးဆေးရုံကြီးပို့တယ်၊ ဆေးရုံမှာတစ်ဦး ထပ်သေသွားတယ်လို့ ကြားတယ်။ မနေ့ကကျောက်ပိနေသူတွေ ကျန်နေသေးတယ်ဆိုတာ မဟုတ်ပါဘူး။ တကယ်က လေးဦးထဲပါဟု ၎င်းကရှင်းပြသည်။

 အဆိုပါလုပ်ကွက်သည် ပုဂ္ဂလိကလုပ်ငန်းဖြစ်ပြီး၊ အခင်းဖြစ်ပွားချိန်တွင်ရှိနေသည့် လူဦးရေစာရင်းကိုကနဦးတွင် အတိအကျမသိရှိရ၍ ရှာဖွေမှုခက်ခဲခဲ့သည်ဟု ၎င်းကဆိုသည်။

အစက ထော်လာဂျီအောက်မှာ ထော်လာဂျီမောင်းသမား ပိနေတယ်ဆိုပြီး ရှာကြတယ်။ တကယ်က ဖြစ်တဲ့လေးဦးထဲမှာ ထော်လာဂျီသမားပါတယ်။ အများအပြောနဲ့ အခြားသူတွေကျန်သေးတယ်ဆိုပြီးလည်း ထပ်ရှာကြတယ်ဟု ၎င်းကဆိုသည်။

အဆိုပါကျောက်တုံးများ ပြိုကျမှုမှာ ၁၂ပေပတ်လည်ခန့်အထိ ပြိုဆင်းလာခြင်းဖြစ်ပြီး၊ တောင်ကို ဒေါက်ဖြတ်(တောင်အောက်ခြေကို ဖြတ်ထုတ်ပြီး ကျောက်ထုတ်ခြင်း)ပြီး ကျောက်ထုတ်ယူမှု လုပ်သဖြင့် မိုးရွာအပြီး ပြိုကျခြင်းဖြစ်သည်ဟု မီးသတ်ဌာနက သုံးသပ်သည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button