အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

ဒါရိုက်တာမင်းထင်ကိုကိုကြီးကို အာမခံမပေးဘဲ အင်းစိန်ထောင်ပို့

ဒါရိုက်တာမင်းထင်ကိုကိုကြီးကို တပ်မတော်က စွဲဆိုထားတဲ့ပုဒ်မ ၅၀၅ (က)နဲ့ ဒီနေ့ဧပြီ လ (၁၂)ရက်နေ့မှာ အင်းစိန်ထောင်ကို ပို့ဆောင်လိုက်ပါတယ်။

အသဲကင်ဆာရောဂါကြောင့် ပြင်ပကနေ အမှု ရင်ဆိုင်ဖို့ အင်းစိန်မြို့နယ် တရားရုံးမှာ အာမခံလျှောက်ထားခဲ့ပေမယ့် ပယ်ချခံခဲ့ရတာပါ။
မင်းထင်ကိုကိုကြီး Facebook မှာ မတ်လ ၁၅ရက်ကနေ ၂၂ရက်အတွင်း ရေးသားချက်တွေနဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ ဒုတိယဗိုလ်မှူးကြီးလင်းထွန်းက အင်းစိန်မြို့နယ်ရဲစခန်းမှာ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ)နဲ့ အမှုဖွင့်ခဲ့ပြီး မြောက်ပိုင်းခရိုင်တရားရုံးမှာ ပုဒ်မ ၅၀၅ (က)နဲ့ ဦးတိုက်လျှောက်ထားခဲ့တာဖြစ်ပါတယ်။

ဧပြီလ (၂) ရက်နေ့ ပုဒ်မ ၆၆ (ဃ) အတွက် အာမခံရရှိခဲ့တာပါ။

အဲ့ဒီ ပုဒ်မ ၂ ခုလုံးဟာ အများဆုံး ထောင်ဒဏ်နှစ်စီ ချမှတ်နိုင်တဲ့ပုဒ်မတွေ ဖြစ်ပါတယ်။

ရိုက်ကူး/တည်းဖြတ် – ကေဇွန်နွေး (Myanmar Now)

[youtube https://youtu.be/zd8FQ8gOXNQ]

Related Articles

Back to top button