အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ဓာတ်ပုံအက်ဆေး

အပူပိုင်းဒေသ ရေနံမှော် မြင်ကွင်း

 မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်  ရေနံမ၊ ဓာတ်ကုန်း အစရှိတဲ့ ရေနံမှော်တွေမှာ မကြာသေးမီက တွေ့ခဲ့ရတဲ့ မြင်ကွင်းတချို့ကို ဖော်ပြပေးလိုက်ပါတယ်။

မူးယစ်ဆေး အလွယ်တကူရ၊  ရာဇဝတ်မှု ပေါများတာတွေကတော့ ရေနံမြေရဲ့ အမှတ်အသားတွေထဲက တစ်ခုပါပဲ။  ရေနံတူးတာကို တရားဝင်ရော၊ တရားမဝင်ပါ လုပ်ကိုင်နေကြတဲ့ ဒီဒေသမှာ ငွေရှာရလွယ်ကူတယ် ဆိုတဲ့ အယူအဆရှိကြပါ တယ်။ အရင်းအနှီးပုံအောပြီး လုပ်ကိုင်ပေမယ့် တူးတဲ့တွင်းမှာ ရေနံကြော မရှိရင်တော့ အရှုံးကြီးမားလှပါတယ်။

တောင်ကုန်းတစ်ခုပေါ်ကနေ မြင်ရတဲ့ ထန်းကိုင်း ရေနံမှော်။ ဒီဒေသမှာ တွေ့ရတဲ့ မှော်တွေရဲ့ မြင်ကွင်းတွေကတော့ သိပ်ပြီးတော့ ခြားနားမှု မရှိပါဘူး၊ အရိပ်မကောင်းတဲ့ သစ်ပင်တချို့၊ ရေနံတွင်းအမှတ်အသားတွေဖြစ်တဲ့ ထိုးထိုးထောင်ထောင် တိုင်များ၊ ပိုက်လုံးများ၊ တဲအိမ်ငယ်များ၊ ပုံး၊ ဆီတိုင်ကီ စတဲ့ ပုံစံတူလုပ်ငန်းခွင်ကို ရေနံမှော်တွေမှာ တွေ့ရပါတယ်။


သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ပူပြင်းတဲ့နေရောင်အောက်မှာ အကာအကွယ်မဲ့ အလုပ်လုပ်နေတဲ့ ဓာတ်ကုန်း ကျေးရွာ ရေနံမှော် အလုပ်သမား တစ်ဦး။


ဓာတ်ကုန်းမှော် တဲတစ်လုံးအတွင်း နေ့လယ်စာ စားနေသူနဲ့ အနားယူနေသူ။ ဒီတဲမှာ တွေ့ရတဲ့ အသုံးအဆောင် ပစ္စည်းတွေကတော့ လူသုံးဦးစာလောက် ရှိပါတယ်။ သူတို့က လုပ်ငန်းခွင်အနီးမှာပဲ တဲထိုး နေထိုင်ကြသူတွေ ဖြစ်ပါတယ်။


ဓာတ်ကုန်းမှော် ရေနံတွင်းများကြားမှာ ပေါ်ပေါက်လာမယ့် တဲအိမ်တစ်လုံးကို တည်ဆောက်နေသူများ။


 ရေနံအလုပ်သမား အများစုလို လက်အိတ်၊ ဦးထုပ်၊ အကာအကွယ် အသုံးအဆောင်တွေ ဝတ်ဆင်ထားခြင်း မရှိတဲ့ ဓာတ်ကုန်းမှော် ရေနံလုပ်သားတစ်ဦး။


ရေနံမမှော်မှာ တွေ့ရတဲ့ လက်ကိုင်ဖုန်းအသုံးပြုနေသူ အလုပ်သမားတစ်ဦး။ ရေနံမြေအလုပ်သမားတွေကြားထဲမှာလည်း တယ်လီဖုန်း အသုံးတွင်ကျယ်နေပါတယ်။


ရေနံမမှော်ရောက် မိသားစု။ မကွေးတိုင်းဒေသကြီးမှာ ရေနံထွက်တဲ့နေရာအများအပြား ရှိပြီး ဒေသပေါင်းစုံက ရောက်လာသူတွေဟာ မိသားစုဝင်တွေကို ခေါ်ဆောင်လာသူတွေ ရှိသလို တချို့လည်း ရေနံမြေရောက်ပြီးမှ တစ်အိုးတစ်အိမ် ထူထောင်ကြပါတယ်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles