တပ်မတော်က ဆက်သွယ်ရေးဥပဒေ ပုဒ်မ၆၆ (ဃ)နဲ့ တရားစွဲဆိုခံထားရတဲ့ ရုပ်ရှင်ဒါရိုက်တာ မင်းထင်ကိုကို ကြီးက ဒီကနေ့ ဧပြီလ ၂ ရက်နေ့ ရန်ကုန်အင်းစိန်ရဲစခန်းမှာ တရားစွဲခံရမှုနဲ့ပတ်သက်ပြီး လာရောက်စုံစမ်းခဲ့တာဖြစ်ကာ ဥပဒေအတိုင်း ရင်ဆိုင်သွားမယ်လို့ ပြောပါတယ်။
မတ်လ ၂၉ ရက်နေ့က တပ်မတော်က ဒုတိယဗိုလ်မှူးကြီးလင်းထွန်းက အင်းစိန်မြို့နယ်ရဲစခန်းမှာ အမှုဖွင့်တိုင်ကြားခဲ့တာပါ။
ရုပ်ရှင်ဒါရိုက်တာ မင်းထင်ကိုကိုကြီးက သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ တင်ခဲ့တဲ့ ရေးသားချက် ၁၀ ခုနဲ့ပတ်သက်ပြီး အခုလို တရားစွဲခံရတာဖြစ်ပါတယ်။
“ကိုယ်ပြောချင်တာက ဒါတွေကို ကိုယ်ပြင်ဆင်ခြင်း ဖွက်ခြင်း လုံးဝဖျက်ပြစ်ခြင်းဆိုတဲ့ဟာတွေကို မလုပ်ဘူးဆိုတဲ့ဟာကိုပြောပြတာ” လို့ ဒါရိုက်တာမင်းထင်ကိုကိုကြီးက ပြောပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ လက်ရှိမြန်မာ့နိုင်ငံရေးမှာ တပ်မတော်က ပါဝင်နေမှုအကြောင်း၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ သတင်းစာရှင်းလင်းပွဲတွေနဲ့ တပ်မတော်သတင်းစာရှင်းလင်းပွဲတွေအကြောင်း သူ့ရဲ့ FaceBook စာမျက်နှာမှာ ပြင်းပြင်းထန်ထန် ကန့်ကွက်တာတွေ ရေးသားခဲ့တာဖြစ်ပါတယ်။
ဒါရိုက်တာမင်းထင်ကိုကိုကြီး ဟာ လူ့အခွင့်အရေးလူ့ဂုဏ်သိက္ခာ မှတ်တမ်းရုပ်ရှင်တွေ ရိုက်ကူးခဲ့သူဖြစ်ပြီး လူ့ဂုဏ်သိက္ခာရုပ်ရှင်သိပ္ပံကို တည်ထောင်သူတစ်ဦးလည်း ဖြစ်ပါတယ်။
ရိုက်ကူး/တည်းဖြတ် – ကေဇွန်နွေး (Myanmar Now)
[youtube https://youtu.be/ugf5K5x4glE]