ရုပ်သံသတင်း

၂၀၁၉ ရန်ကုန် စည်ပင် ရွေးကောက်ပွဲ

ဒီကနေ့ မတ်လ ၃၁ ရက် ရန်ကုန်မြို့တော်စည်ပင်သာယာရွေးကောက်ပွဲ စတင်နေပြီဖြစ်ပြီး မဲလာထည့်ကြတဲ့ ပြည်သူတွေကလည်း နေ့စဉ် နေထိုင်မှုဘဝတွေမှာ စည်ပင်သာယာနဲ့ပတ်သက်တဲ့ လိုအပ်ချက်တွေ ရှိနေကြပါတယ်။

စည်ပင်သာယာရွေးကောက်ပွဲမှာ ဒုမြို့တော်ဝန်အဆင့်အထိ ရွေးချယ်မှုတွေပါဝင်ပြီး အသက် ၂၀ ကျော် လူငယ်တွေလည်း ဝင်ရောက်ယှဉ်ပြိုင်ကြတာပါ။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က တာမွေမြို့နယ် မဲဆန္ဒနယ်မှာ လာရောက် မဲပေးခဲ့ပါတယ်။

ရွေးကောက်ပွဲကို ၃၃ မြို့နယ်မှာ ကျင်းပနေတာဖြစ်ပြီး နေရာ ၁၀၅ နေရာအတွက် ကိုယ်စားလှယ်လောင်း ၂၇၂ ဦး ဝင်ရောက် ယှဉ်ပြိုင်ပါတယ်။

ရွေးကောက်ခံရသူတွေရဲ့သက်တမ်းဟာ လက်ရှိအစိုးရလိုပဲ ၂၀၂၁ မှာ သက်တမ်းကုန်ဆုံးမှာ ဖြစ်ပါတယ်။ အခုအကြိမ်က ဒုတိယအကြိမ်မြောက် စည်ပင်ရွေးကောက်ပွဲဖြစ်ပြီး ပထမအကြိမ်ကိုတော့ ဦးသိန်းစိန်အစိုးရ သက်တမ်းအတွင်း ၂၀၁၄ ခုနှစ်က ကျင်းပခဲ့တာပါ။ အဲဒီတုန်းက အနိုင်ရသူတွေဟာ လက်ရှိအစိုးရ တက်လာတဲ့ ၂၀၁၆ ခုနှစ်အထိ တာဝန်ထမ်းခဲ့ကြပါတယ်။

ကေဇွန်နွေး/Myanmar Now

[youtube https://youtu.be/g3pwZE3DR5U]

Related Articles

Back to top button