ရုပ်သံသတင်း

မြစ်ဆုံစီမံကိန်းအပြီးတိုင်ဖျက်သိမ်းရေး ကော်မတီတစ်ရပ် ဖွဲ့စည်းမည်

မြစ်ဆုံစီမံကိန်းအပြီးတိုင်ဖျက်သိမ်းရေးကော်မတီကို ဧပြီလ ၁ ရက်နေ့ ရန်ကုန်မြို့ နာရေးကူညီမှုအသင်း ကျော်သူခန်းမမှာ ပြုလုပ်သွားမယ်လို့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ တစ်ဦးဖြစ်တဲ့ ကိုမြတ်ကျော်က ပြောပါတယ်။

မတ်လ ၂၅ ရက်နေ့ ရန်ကုန်မြို့တော်ခန်းမရှေ့မှာပြုလုပ်တဲ့ မြစ်ဆုံစီမံကိန်းဖျက်သိမ်းရေး ဆန္ဒပြပွဲမှာ အခုလိုပြောတာပါ။

လက်ရှိ NLD အစိုးရမတက်ခင်မဲဆွယ်ကာလမှာ မိမိတို့အစိုးရတက်လာတဲ့အခါ ဧရာဝတီမြစ်ဖျားပိုင်းမှာ တရုတ်အစိုးရကုမ္ပဏီ တည်ဆောက်ဖို့ စာချုပ်ချုပ်ထားတဲ့ မြစ်ဆုံ ရေကာတာ စီမံကိန်းနဲ့ပတ်သက်ပြီး ပြည်သူတွေကို အသိပေးမယ်လို့ ကတိကဝတ်ပေးခဲ့တာ ဖြစ်ပါတယ်။

အစိုးရသက်တမ်း ၃ နှစ်ကျော်ကာလမှာ မြစ်ဆုံစီမံကိန်းနဲ့ပတ်သက်ပြီး ပြည်သူတွေကို အသိပေးခဲ့တာ မရှိသေးတဲ့အပြင် စီမံကိန်းနဲ့ပတ်သက်ပြီး အမြင်ကျယ်ကြဖို့ ဒေါ်အောင်ဆန်းစုကြည်က မကြာသေးခင်ကပဲ ပြောဆိုခဲ့တာကြောင့် တစ်နိုင်ငံလုံး နေရာအနှံ့မှာ ဒေသခံပြည်သူတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေက မြစ်ဆုံစီမံကိန်း ရပ်တန့်ရေး ဆန္ဒထုတ်ဖော်တာတွေ ပြုလုပ်နေကြတာဖြစ်ပါတယ်။

ရိုက်ကူး/တည်းဖြတ် – ကေဇွန်နွေး (Myanmar Now)

[youtube https://youtu.be/KYKKqc5G29c]

Show More

Related Articles

Back to top button