ရုပ်သံသတင်း

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ရန်ကုန်ရုံးခွဲဖွင့်လှစ်

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရဲ့ ပထမဆုံးရုံးခွဲကို ဒီကနေ့မတ်လ ၁၆ ရက်နေ့ ရန်ကုန်မြို့မှာ စတင်ဖွင့်လှစ်လိုက်ပြီဖြစ်ပါတယ်။

ရန်ကုန်မြို့မှာနေထိုင်တဲ့ ပြည်သူတွေရဲ့ တိုင်ကြားစာတွေ လက်ခံစိစစ်တာ နဲ့ အသိပညာပေးလုပ်ငန်းတွေလည်း လုပ်ဆောင်သွားဖို့ရှိနေတာပါ။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က အစားအသောက်နဲ့ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ်နဲ့ မကြာသေးခင်က တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီး ချုပ် တို့ကို အရေးယူဆောင်ရွက်မှုတွေ စတဲ့လုပ်ဆောင်မှုတွေက ပြည်သူတွေအကြား စိတ်ဝင်စားမှု မြင့်တက်ခဲ့တာဖြစ်ပါတယ်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကို၂၀၁၃ခုနှစ် သြဂုတ်လမှာ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး လက်ရှိရန်ကုန်ရုံးခွဲအပြင် တိုင်းဒေသကြီးနဲ့ပြည်နယ်တွေမှာ အခုနှစ်အတွင်း ရုံးခွဲတွေ ဖွင့်လှစ်သွားမှာဖြစ်ပါတယ်။

ရိုက်ကူး/တည်းဖြတ် – ကေဇွန်နွေး (Myanmar Now)

[youtube https://youtu.be/q-DRWrAEnGs]

Show More

Related Articles

Back to top button