ရုပ်သံသတင်း

ရွှေတိဂုံဘုရားဖူးသူများ ဝတ်စားဆင်ယင်မှု ဂရုစိုက်ကြရန် ဂေါပက တိုက်တွန်း

ရွှေတိဂုံစေတီတော်ကို လာရောက်တဲ့ဘုရားဖူးတွေ အနေနဲ့ အပေါက်အပြဲ အတိုအကျပ် စတဲ့ “အ”ဂါရဝဖြစ်စေတဲ့ ဝတ်စားဆင်ယင်မှုတွေမပြုလုပ်ဖို့ ဘုရားဂေါပကအဖွဲ့က စည်းကမ်း တင်းကျပ်ထားကြောင်း ပြောပါတယ်။

ဘုရားဖူးလာသူတွေရဲ့ ဝတ်စားဆင်ယင်မှု၊ ဘုရားရွှေသင်္ကန်းကပ်လှူခြင်းတို့နဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲကို မတ်လ ၁၄ ရက်နေ့က ရွှေတိဂုံမှာ ပြုလုပ်ခဲ့တာပါ။

နေ့စဉ် ပြည်တွင်းပြည်ပ ဘုရားဖူးဧည့်သည်တွေ အများအပြား လာရောက်ဖူးမြော်တဲ့ ရွှေတိဂုံစေတီတော်မှာ ဘုရားကျောင်းကန်နဲ့ မသင့်လျော်တဲ့ ဝတ်စားဆင်ယင်မှုတွေကို တားမြစ်တာနဲ့ ပတ်သက်တဲ့ သတိပေးဆိုင်းဘုတ်တွေ ထောင်ပေးထားပြီး အမျိုးသား အမျိုးသမီးဝတ် လုံချည်တွေကို ငှားရမ်းပေးတာတွေလည်းပြုလုပ်နေပါတယ်။

အဲ့ဒီနောက် လုံချည်ငှားရမ်းရာမှာ သုံးထောင်ဝန်းကျင်လုံချည်တွေကို ငွေကျပ်သုံးထောင် ဒါမှမဟုတ် သက်သေခံကတ်ပြားတစ်ခုကို အပေါင်ထားပြီး ငှားရမ်းပေးနေတာဖြစ်ပါတယ်။

နေ့စဉ်လုံချည် ရာနဲ့ချီကာ ငှားရမ်းနေရပြီး ငှားရမ်းသူတချို့က ပြန်မပေးတာတွေကြောင့် တစ်လကို အထည်နှစ်ဆယ်ခန့် ဆုံးရှုံးနေရတယ်လို့ ဘုရားဂေါပကအဖွဲ့က သိရပါတယ်။

ရိုက်ကူး/တည်းဖြတ် – ကေဇွန်နွေး (Myanmar Now)

[youtube https://www.youtube.com/watch?v=mMVyNOOMDZM]

Show More

Related Articles

Back to top button