အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

လှိုင်သာယာ မီးဘေးကယ်ဆယ်ရေးစခန်း မကြာခင်ပိတ်သိမ်းမယ်

မတ်လ ၉ ရက်နေ့က လှိုင်သာယာမြို့နယ်ညောင်ရွာ မီးလောင်ကျွမ်းမှုကြောင့် မီးဘေးသင့် ၄၀၀ ကျော်ယာယီစခန်းကိုပြောင်းရွှေ့ခဲ့ရပြီး အခုရက်ပိုင်းအတွင်း အဲ့ဒီယာယီစခန်းကနေ ပြောင်းရွှေ့ရတော့မှာ ဖြစ်တာကြောင့် အခက်အခဲတွေ ကြုံတွေ့နေရတယ်လို့ ပြောပါတယ်။

ပန်းလှိုင်လမ်းမကြီးဘေး ညောင်ရွာမှာရှိတဲ့ ဓာတ်ဆီဆိုင်က မီးစတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး အစိုးရက ကျူးကျော်နေထိုင်သူတွေကို ထုတ်ပေးထားတဲ့ စမတ်ကတ်ကိုင်ဆောင်ထားသူတွေ အများစုရှိတဲ့ နေအိမ် အလုံး ၁၀၀ ကျော် မီးလောင်ကျွမ်းခဲ့တာပါ။

ဒါ့အပြင် မီးဘေးသင့်ကျူးကျော်နေထိုင်သူတွေကို ညောင်ရွာအောင်မင်္ဂလာ ဘုန်းကြီးကျောင်းမှာယာယီစခန်း ဖွင့်လှစ်ပေးထားပြီး အစိုးရအဖွဲ့အစည်းတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေက ကူညီထောက်ပံ့ပေးနေတာ ဖြစ်ပါတယ်။

အဲ့ဒီနောက် မီးလောင်ကျွမ်းရာမှာ နိုင်ငံသားစိစစ်ရေးကတ်ပြားအပါအဝင် အရေးကြီးတဲ့စာရွက်စာတမ်း တွေဆုံးရှုံးခဲ့ပြီး အစိုးရက ကျူးကျော်နေထိုင်သူတွေအတွက် တရားဝင်ထုတ်ပေးထားတဲ့ စမတ်ကတ်တွေပါ မီးလောင်ဆုံးရှုံးခဲ့ရတယ်လို့ မီးဘေးသင့်ပြည်သူတွေက ပြောပါတယ်။

မီးလောင်မှုမှာ ပျက်စီးဆုံးရှုံးမှုတန်ဖိုး စုစုပေါင်း ကျပ်သိန်း ၁၂၀ ကျော် တန်ဖိုးရှိတယ်လို့ လှိုင်သာယာ မြို့နယ်မီးသတ်ဦးစီးဌာနက သိရပါတယ်။

ရိုက်ကူး/တည်းဖြတ် – ကေဇွန်နွေး (Myanmar Now)

[youtube https://youtu.be/CISJwmprEws]

Related Articles

Back to top button