ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် ဝါရှောင်ကျောင်းတိုက်မှ ဦးဝိဇယသည် ငယ်ရွယ်စဉ်က ဗိုလ်ချုပ်ဂွန်မော် အပါအဝင် ကချင်လက်နက်ကိုင်အဖွဲ့ (KIA) ၏ ခေါင်းဆောင်ဖြစ်လာမည့်သူတချို့နှင့် ရင်းနှီးခဲ့သည်။
ထိုရင်းနှီးမှုသည် ဆရာတော်၏ ဒေသတွင်း ငြိမ်းချမ်းရေးလှုပ်ရှားမှုတွင် အထောက်အကူဖြစ်နေသည်ကို တွေ့ရသည်။
ဒေသတွင်း ဆယ်စုနှစ်များစွာ ဖြစ်ပွားခဲ့သည့် တိုက်ပွဲတို့ကြောင့် ပေါ်ပေါက်လာသည့် ကချင်၊ ရှမ်းနီ ဒေသခံအချင်းချင်း နားလည်မှုလွဲခြင်း၊ ပဋိပက္ခဖြစ်ခြင်းတို့ လျော့နည်း ပပျောက်သွားစေရန်လည်း အများအပြားက ကြိုးပမ်း ထိန်းသိမ်းနေကြသည်။
ထိုအခြေအနေနှင့်ပတ်သက်ပြီး မကြာသေးခင်က ဦးဝိဇယနှင့် တွေ့ဆုံမေးမြန်းထားသည်များထဲမှ တချို့ကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။
ရိုက်ကူး/တည်းဖြတ် – ကေဇွန်နွေး (Myanmar Now)
[youtube https://youtu.be/AqiXD-Df-II]