အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

တပ်မတော်ထိပ်ပိုင်းအရာရှိများအား နိုင်ငံတကာရာဇဝတ်မှုခုံရုံးတင်ရန် တောင်းဆိုသူ ဖမ်းဆီးခံရ

မြန်မာ့တပ်မတော် ထိပ်ပိုင်းခေါင်းဆောင်များအား နိုင်ငံတကာရာဇဝတ်မှုခုံရုံး ( ICC ) တင်ပို့စစ်ဆေးရန် ရန်ကုန်မြို့လယ်တွင် ယနေ့ နေ့လယ်တွင် တောင်းဆိုခဲ့သူအား ကျောက်တံတားရဲစခန်းက အလျင်အမြန် ဖမ်းဆီးထိန်းသိမ်းလိုက်သည်။

ဒီမိုကရေစီစဉ်ဆက်မပြတ်လှုပ်ရှားမှုအင်အားစု (M.D.C.F) အဖွဲ့မှ ဦးတင်မောင်ကြည်သည် ရန်ကုန်မြို့တော်ခန်းမရှေ့တွင် တစ်ကိုယ်တော်ဆန္ဒပြရန် ကြိုးစားနေစဉ် ရဲ ၂၀ ခန့်က ဖမ်းဆီးခေါ်ဆောင်ခဲ့ခြင်းဖြစ်သည်။

လတ်တလောတွင် သူ့အား ကျောက်တံတားရဲစခန်းတွင် ထိန်းသိမ်းထားပြီး ရဲစခန်းအဝင်အထွက် ဂိတ်များအား ရဲက လုံခြုံရေး တိုးမြှင့်လိုက်သည်။

ဦးတင်မောင်ကြည်အား ထောက်ခံသူများကလည်း ရဲစခန်းရှေ့တွင် စုဝေးနေကြပြီး အမြန်ဆုံး ပြန်လွှတ်ပေးရန်နှင့် တွေ့ခွင့်ရရန် တောင်းဆိုနေသည်။

ရိုက်ကူး/တည်းဖြတ် – ကေဇွန်နွေး (Myanmar Now)

[youtube https://youtu.be/NPaoz9xnwq8]

Related Articles

Back to top button