ရုပ်သံသတင်း

၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ဆန္ဒပြတောင်းဆို

၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ဆန္ဒပြပွဲကို စက်တင်ဘာ(၃၀)ရက်မနေ့က ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံမှာ ပြုလုပ်ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ တို့ပြည်သူ၊ ငြိမ်းချမ်းရေးနဲ့ခြေဥပြင်၊ ပြည်သူလိုအပ်ချက်ချင်းပေး၊ ၂၀၀၈ခြေဥပြင်ဖို့ ပြည်သူအားလုံးတောင်းဆိုစို့ ဆိုတဲ့ ကြွေးကြော်သံတွေနဲ့အတူ အွန်လိုင်းပေါ်ကပြည်သူတွေ စုစည်းထားတဲ့ Freedom Fighters အဖွဲ့က ဦးဆောင်ပြုလုပ်ခဲ့တာပါ။

၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်နိုင်ဖို့ ငြိမ်းချမ်းရေးရရှိဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်သူတွေ တစ်သားတည်းရှိကြောင်း ဆန္ဒပြသူတွေက ပြောဆိုခဲ့ပါတယ်။

ရိုက်ကူး/တည်းဖြတ် – ကေဇွန်နွေး (Myanmar Now)

[youtube https://youtu.be/xi3FydTwdtw]

Related Articles

Back to top button