အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ဆန္ဒပြတောင်းဆို

၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ဆန္ဒပြပွဲကို စက်တင်ဘာ(၃၀)ရက်မနေ့က ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံမှာ ပြုလုပ်ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ တို့ပြည်သူ၊ ငြိမ်းချမ်းရေးနဲ့ခြေဥပြင်၊ ပြည်သူလိုအပ်ချက်ချင်းပေး၊ ၂၀၀၈ခြေဥပြင်ဖို့ ပြည်သူအားလုံးတောင်းဆိုစို့ ဆိုတဲ့ ကြွေးကြော်သံတွေနဲ့အတူ အွန်လိုင်းပေါ်ကပြည်သူတွေ စုစည်းထားတဲ့ Freedom Fighters အဖွဲ့က ဦးဆောင်ပြုလုပ်ခဲ့တာပါ။

၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်နိုင်ဖို့ ငြိမ်းချမ်းရေးရရှိဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်သူတွေ တစ်သားတည်းရှိကြောင်း ဆန္ဒပြသူတွေက ပြောဆိုခဲ့ပါတယ်။

ရိုက်ကူး/တည်းဖြတ် – ကေဇွန်နွေး (Myanmar Now)

[youtube https://youtu.be/xi3FydTwdtw]

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button