ရုပ်သံသတင်း

ကွန်တိန်နာတွေဆန္ဒပြတဲ့ကိစ္ စရန်ကုန်အစိုးရနဲ့ ဆွေးနွေးနေ

ရန်ကုန်မြို့ကမ်းနားလမ်းပေါ်မှာ ကွန်တိန်နာကားတွေ ပိတ်ဆို့ပြီး ယမန်နေ့က ဆန္ဒပြခဲ့တာတွေ ထပ်မဖြစ်အောင် အစိုးရနဲ့ဆွေးနွေးမယ်လို့ ကုန်သေတ္တာအသင်းက တာဝန်ရှိသူတွေက ပြောပါတယ်။

ရန်ကုန်မြို့ ကမ်းနားလမ်းတစ်လျှောက် ပြေးဆွဲနေတဲ့ ကွန်တိန်နာကုန်တင်ကားတွေ ပြေးဆွဲချိန် ပြောင်းလဲခဲ့တာနဲ့ပတ်သက်ပြီး မနေ့ အောက်တိုဘာ (၁၀)ရက် ညပိုင်းက ကုန်တင်ကားမောင်းသူတွေက ကားတွေ ရပ်နားပိတ်ဆို့ပြီး ဆန္ဒပြခဲ့ကြပါတယ်။

အဲ့ဒီလို ကားတွေဆန္ဒပြတာကြောင့် ဒီကနေ့ အောက်တိုဘာလ (၁၁)ရက်နေ့အထိ ရန်ကုန်မြို့တွင်း ယာဉ်ကြောပိတ်ဆို့မှုတွေ ဆက်လက်ဖြစ်ပေါ်နေတာပါ။

ကုန်သေတ္တာတင်ယာဉ်မောင်းတွေက ကားတွေ စောစောထွက်နိုင်ဖို့ လမ်းတစ်လျှောက် ကားနှစ်ထပ်ရပ်တာတွေ ငါးဈေးနဲ့ သီရိမင်္ဂလာဈေးရှေ့ ယာဉ်ကြောပိတ်ဆို့နေတာတွေကို ဖြေရှင်းပေးဖို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကို တောင်းဆိုခဲ့ကြပါတယ်။

ရိုက်ကူး/တည်းဖြတ် – ကေဇွန်နွေး (Myanmar Now)

[youtube https://youtu.be/ME2b1mHXC7k]

Show More

Related Articles

Back to top button