ရုပ်သံသတင်း

ထောက်ခံအားပေးတဲ့ ပြည်သူတွေအားလုံးကို ကျေးဇူးတင်ကြောင်း ဒုရဲမှူးဟောင်းပြော

ထောင်ဒဏ်ချမှတ်ခံရချိန်အတွင်း ထောက်ခံအားပေးခဲ့ကြတဲ့ ပြည်သူတွေကို ကျေးဇူးတင်ကြောင်း ဒုရဲမှူးဟောင်းမိုးရန်နိုင်က ဒီကနေ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ အင်းစိန်ထောင်က ပြန်လည် လွတ်မြောက်လာချိန်မှာ သတင်းထောက်တွေကို ပြောပါတယ်။

ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေဟာ စံချိန်စံညွှန်းနဲ့ မကိုက်ညီတာကြောင့် ပြုပြင်ရမယ့် ဥပဒေတစ်ခုအဖြစ် ယူဆတယ်လို့ ဒုရဲမှူးဟောင်းက ဆက်ပြောပါတယ်။

ဒုရဲမှူးဟောင်းမိုးရန်နိုင်ဟာ ပြီးခဲ့တဲ့နှစ်က နိုင်ငံတော်လျှို့ဝှက်အက်ဥပဒေနဲ့ ထောင်ဒဏ် ၇ နှစ်စီ ချမှတ်ခံထားရတဲ့ ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ရဲ့အမှုမှာ သတင်းထောက်တွေ ထောင်ချောက်ဆင် ဖမ်းဆီးခံခဲ့ရတာဖြစ်ကြောင်း တရားရုံးမှာ ထွက်ဆိုခဲ့ပြီးနောက်မှာ ရဲစည်းကမ်းဖောက်ဖျက်မှုနဲ့ ထောင်ဒဏ် ၁ နှစ် ချမှတ်ခံခဲ့ရတာပါ။

အင်းစိန်ထောင်က ပြန်လည် လွတ်မြောက်လာချိန်မှာတော့ ဒုရဲမှူးဟောင်းက မိသားစုဝင်တွေနေထိုင်တဲ့ စစ်ကိုင်းတိုင်းဒေသကြီး ခင်ဦးမြို့ကို ပြန်သွားပြီဖြစ်ပါတယ်။

ရိုက်ကူး/တည်းဖြတ် – ကေဇွန်နွေး (Myanmar Now)

[youtube https://youtu.be/Wf1Ae3uqmR0]

Show More

Related Articles

Back to top button