ရုပ်သံသတင်း

ဗိုလ်ချုပ်ရုပ်တုစိုက်ထူသည့် ကယားပြည်နယ်အစိုးရကို ရန်ကုန်တွင်လည်း ဆန္ဒပြ

ကယားပြည်နယ် လွိုင်ကော်မြို့မှာ ဗိုလ်ချုပ်အောင်ဆန်းမြင်းစီးရုပ်တု စိုက်ထူတာကို ကန့်ကွက်တဲ့အနေနဲ့ တက်ကြွလှုပ်ရှားသူ လူငယ် ၄၀ ကျော်က ဖေဖော်ဝါရီလ ၁၂ ရက် ပြည်ထောင်စုနေ့လည်းဖြစ်တဲ့ ဒီကနေ့ ညနေ ၃ နာရီမှာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

ကရင်နီ တိုင်းရင်းသားတချို့ အပါအဝင် ရန်ကုန်အခြေစိုက် အရပ်ဘက်အဖွဲ့အစည်းတချို့ ပူးပေါင်း ပါဝင်ခဲ့ကြတဲ့ ဆန္ဒပြသူတွေဟာ ဝန်ကြီးများရုံးရှေ့မှစ၍ အနော်ရထာလမ်း၊ မဟာဗန္ဓုလလမ်းအတိုင်း ချီတက်လာကြပြီး မဟာဗန္ဓုလပန်းခြံ လွတ်လပ်ရေးကျောက်တိုင်ရှေ့မှာ အဆုံးသတ်ခဲ့တာပါ။

ဒါ့အပြင် ဆန္ဒထုတ်ဖော်သူတွေက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရအနေနဲ့ ကယားပြည်နယ်အစိုးရဲ့ လုပ်ရပ်တွေကို ရပ်တန်းက ရပ်အောင် တားဆီးပေးဖို့၊ ကယားပြည်နယ်မှာ မတရားဖမ်းဆီးထားတဲ့ လူငယ်တွေကို လွှတ်ပေးဖို့ စတာတွေ တောင်းဆိုခဲ့ကြပါတယ်။

အလားတူ ဒီကနေ့မနက်ပိုင်းက ကယားပြည်နယ် လွိုင်ကော်မြို့မှာ ဗိုလ်ချုပ်အောင်ဆန်းမြင်းစီးရုပ်တုစိုက်ထူတာကို ကန့်ကွက်တဲ့ဆန္ဒပြပွဲ ဆက်လက်ပြုလုပ်ခဲ့ပြီး အာဏာပိုင်တွေက ရာဘာကျည်သုံး ပစ်ခတ် နှိမ်နင်းရာမှာ ၄ ဦးထက်မနည်း ဒဏ်ရာရခဲ့တာဖြစ်ပါတယ်။

ရိုက်ကူး/တည်းဖြတ် – ကေဇွန်နွေး (Myanmar Now)

[youtube https://youtu.be/TLLPVxGTmsQ]

Show More

Related Articles

Back to top button