
ရန်ကုန်မြို့တော်စည်ပင်သာယာရွေးကောက်ပွဲကို ၂၀၁၉ ခုနှစ် မတ်လ ၃၁ ရက်နေ့မှာ ကျင်းပမှာဖြစ်ပါတယ်။
နေ့စဉ် ရန်ကုန်မြို့နေပြည်သူတွေရဲ့ နေထိုင်သွားလာမှုတွေမှာ အမှိုက်ပြဿနာ၊ ရေမြောင်းပိတ်ဆို့မှု၊ လူသွားလမ်းပလက်ဖောင်းတွေမှာ ဈေးရောင်းချမှု၊ ကားပါကင်နဲ့ ယာဉ်ကြောပိတ်ဆို့မှု စတာတွေအပြင် တခြားသော အခက်အခဲတွေလည်း ကြုံတွေ့နေရတာဖြစ်ပါတယ်။
အခုကျင်းပမယ့် စည်ပင်ရွေးကောက်ပွဲကို အများကသိရှိမှု အားနည်းသလို မဲပေးကြဖို့လည်း စိတ်ဝင်စားမှု လျော့နည်းနေတယ်လို့ စည်ပင်ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူတွေက သုံးသပ်နေကြတာပါ။
မဲဆွယ်ကာလ ၁ လတာအတွင်း စည်ပင်သာယာကိုယ်စားလှယ်လောင်းတွေက ဆွေးနွေး ဟောပြောပွဲတွေ စတင်နေပေမယ့် အများပြည်သူသွားလာတဲ့ ရန်ကုန်မြို့တော်ခန်းမရှေ့မှာတော့ အသိပေးကြေညာထားတာ မရှိသေးပါဘူး။
ဒါ့အပြင် လူဦးရေထူထပ်တဲ့ ရန်ကုန်မြို့အတွင်းနေထိုင်သူတွေကတော့ နေ့စဉ်ကြုံတွေ့နေရတဲ့ စည်
ပင်သာယာနဲ့ပတ်သက်တဲ့ အခက်အခဲတွေကို အခုလို ပြောပြပါတယ်။
အဲ့ဒီနောက် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီရွေးကောက်ပွဲကို ၃၃ မြို့နယ်မှာ ကျင်းပသွားမှာဖြစ်ပြီး အသက် ၂၀ ကျော်လူငယ်တွေလည်း ဝင်ရောက် ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။
နေရာ ၁၀၅ နေရာအတွက် ကိုယ်စားလှယ်လောင်း ၂၇၂ ဦးက ဝင်ရောက်ယှဉ်ပြိုင်ကြမှာဖြစ်ကာ စည်ပင်သာယာရွေးကောက်ပွဲ သက်တမ်းဟာ လက်ရှိအစိုးရသက်တမ်းနဲ့အတူတူဖြစ်ပြီး ၂၀၂၁ မှာ သက်တမ်းကုန်ဆုံးမှာ ဖြစ်ပါတယ်။
ရိုက်ကူး/တည်းဖြတ် – ကေဇွန်နွေး (Myanmar Now)
[youtube https://youtu.be/RX73zIXMrjI]