ရွေးကောက်ပွဲ

ရလဒ်တချို့ ရွေးကောက်ပွဲကော်မရှင် ထုတ်ပြန်၊ NLD အနိုင်ရနေ

ရန်ကုန် – ရွေးကောက်ပွဲရဲ့ ရလဒ်တချို့ တနင်္လာနေ့ ညနေပိုင်း တရားဝင် ထွက်လာချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က အပြတ်အသတ် နိုင်မယ့်ပုံပေါ်နေပြီး အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အနည်းအကျဉ်းသာ အနိုင်ရမယ့်သဘော ရှိနေပါတယ်။

NLD ပါတီကတော့ သူတို့ဟာ ဧရာဝတီ၊ စစ်ကိုင်း၊ မကွေး၊ ရန်ကုန်တိုင်းဒေသကြီးတို့မှာ အနိုင်ရတယ်လို့ ကြေညာထားပါတယ်။

“ရလဒ်အခြေအနေကို ဆက်စောင့်ကြည့်နေရတုန်းပါပဲ။ ဒီ တိုင်းဒေသကြီး သုံးခုမှာတော့ ၇ဝ ရာခိုင်နှုန်းကျော် အနိုင်ရထားပါတယ်” လို့ NLD ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်ဦးဉာဏ်ဝင်းက Myanmar Now ကို ပြောပါတယ်။

NLD က အစိုးရ ဖွဲ့နိုင်ဖို့ လွှတ်တော်ကိုယ်စားလှယ်နေရာ သုံးပုံနှစ်ပုံ အနိုင်ရဖို့ လိုအပ်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းကိုတော့ တပ်မတော်အရာရှိတွေက အလိုအလျောက် ရထားပါတယ်။

ပြည်ခိုင်ဖြိုးပါတီရဲ့ ပူးတွဲဥက္ကဋ္ဌ ဦးဌေးဦးက သူတို့ပါတီက နေရာအများအပြားတွင် ရှုံးနိမ့်သွားသည်ဟု ပြောသည်။

“တချို့နေရာတွေမှာ ကျွန်တော်တို့ နိုင်တယ်၊ ပြည်နယ်တိုင်းတွေမှာ ကျွန်တော်တို့ နိုင်တယ်၊ တချို့နေရာတွေမှာ ကျွန်တော်တို့ ရှုံးတယ်၊ ရှုံးတာက ရာခိုင်နှုန်း များတယ်” လို့ ဦးဌေးဦးက သတင်းထောက်များကို ပြောပါတယ်။

ဒီရွေးကောက်ပွဲဟာ ၂၅ နှစ်အတွင်း ပထမဆုံး ပွင့်လင်းစွာနဲ့ ပါဝင်ခွင့် ရကြတဲ့ ရွေးကောက်ပွဲဖြစ်ပါတယ်။

ရွေးကောက်ပွဲကော်မရှင်က နိုဝင်ဘာ ညနေ ၃ နာရီကျော်ကျော်မှာ ပထမပိုင်း ရွေးကောက်ပွဲရလဒ်တွေကို ထုတ်ပြန်အပြီးမှာ NLD က ရန်ကုန်တိုင်းဒေသကြီးအတွင်း က မဲဆန္ဒနယ် ၁၂ ခု မှာ အနိုင်ရနေပါတယ်။ ပြည်တွင်းမီဒီယာတွေကတော့ NLD က ရန်ကုန်တိုင်းအတွင်းက မဲဆန္ဒနယ် ၄၅ နေရာစလုံးမှာ တစ်နေရာက လွဲလို့ အခြားနေရာတွေအားလုံး အနိုင်ရထားတယ်လို့ ရေးသားခဲ့ကြပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် အစိုးရဘက်က ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ခဲ့တဲ့ သမ္မတရုံးဝန်ကြီးတစ်ဦးဖြစ်သူ ကယားပြည်နယ် အမျိုးသားလွှတ်တော် တစ်ဦးပုဂ္ဂလလွှတ်တော်ကိုယ်စားလှယ် ဦးအောင်မင်းလည်း ရှုံးနိမ့်ခဲ့ပါတယ်။

အတည်မပြုရသေးတဲ့ရလဒ်တွေအရ NLD အနေနဲ့ တိုင်းရင်းသားပါတီတွေနဲ့ နှိုင်းယှဉ်ရာမှာ မျှော်မှန်းထားတာထက် အခြေအနေကောင်းနေပြီး လွှတ်တော်မှာ အစိုးရဖွဲ့ဖို့နဲ့ သမ္မတတစ်ဦးကို တင်မြှောက်ဖို့ လုံလောက်တဲ့ အခြေအနေရှိနေပါတယ်။

ဒါပေမယ့် ၂ဝ၁၃ ခုနှစ်က လူမျိုးရေးအဓိကရုဏ်းတွေဖြစ်ခဲ့တဲ့ မိတ္ထီလာမှာတော့ ပြည်ခိုင်ဖြိုးပါတီက မဲဆန္ဒနယ်အားလုံးမှာ အနိုင်ရသွားတယ်လို့ အတည်မပြုရသေးတဲ့ ရလဒ်တွေက ဆိုပါတယ်။

တနင်္လာညနေ ၃ နာရီ ကော်မရှင်ရဲ့ တရားဝင်ထုတ်ပြန်ချက်မှာ

NLD က ရန်ကုန် ၁၂ မြို့နယ်ရဲ့ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွေမှာ အနိုင်ရကြောင်း ဖော်ပြထားပါတယ်။ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်တွေထဲက ၃ နေရာမှာ NLD က နိုင်ပြီး ၁ နေရာကို ပြည်ခိုင်ဖြိုးပါတီက နိုင်ပါတယ်။

ညနေ ၆ နာရီ မှာ ကော်မရှင်က ရလဒ်တချို့ ထပ်မံ ထုတ်ပြန်ရာမှာ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်တွေထဲက နေရာ ၂ဝ အတွက် ရလဒ်တွေ ပါပါတယ်။ အဲဒီ နေရာ ၂ဝ မှာ NLD က အားလုံးနိုင်သွားကြောင်း ဖော်ပြထားပါတယ်။

Show More

Related Articles

Back to top button