အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ဓာတ်ပုံအက်ဆေး

နှစ်သစ်ကြိုတဲ့ ကရင်ပြည်နယ်မြို့တော်

လည်ပတ်စရာ များများစားစား မရှိတဲ့ ကရင်ပြည်နယ် မြို့တော် ဘားအံမှာ အများပြည်သူကို ဆွဲဆောင်တဲ့ နေရာသစ် တစ်ခု တိုးလာပါပြီ။

အဲဒါကတော့ မြို့ပြင်မှာ တည်ရှိတဲ့ ချစ်သူမြိုင်အပန်းဖြေဥယျာဉ် ပါပဲ။

ဒီဇင်ဘာ ၃၁ ညနေခင်းမှာ တွေ့ရတဲ့ အပန်းဖြေဥယျာဉ်ရဲ့ မြင်ကွင်းတချို့ကို ဖော်ပြပေးလိုက်ပါတယ်။

ဘားအံနဲ့ အနီးဝန်းကျင်မြို့တွေက ဒေသခံတွေဟာ ၂၀၁၆ ရဲ့ နောက်ဆုံးနေ့မှာ အဲဒီ တည်ဆောက်ဆဲ ချစ်သူမြိုင်ရှိရာကို စုပြုံပြီး တိုးလာကြပါတယ်။

ချစ်သူမြိုင်ဟာ ၂၀၁၇ ကို တပျော်တပါး ကြိုဆိုကြမယ့်သူတွေရဲ့ စုရပ်ကြီးတစ်ခုလည်း ဖြစ်ပါတယ်။

ကလေးတွေအတွက် ပျော်ပါးစရာတွေ များပြားတဲ့ ဒီနေရာဟာ စနေ တနင်္ဂနွေ ရုံးပိတ်ရက်လည်းဖြစ်၊ ကျောင်းရက်ရှည်ပိတ်ရက်လည်းဖြစ်၊ နှစ်သစ်ကူးချိန်လည်းဖြစ်တာကြောင့် ဧည့်သည်တွေ အထူး များပြားလှပါတယ်။

အလုပ်သမားအများအပြားနဲ့ ဆက်လက် တည်ဆောက်နေတဲ့ ပန်းခြံထဲ အုပ်ထိန်းသူနဲ့ ကွဲကွားသွားတဲ့ ကလေးတွေကို ရှာဖွေရာမှာ လုံခြုံရေး ဝန်ထမ်းတွေက အကူအညီပေးနေတာလည်း တွေ့ခဲ့ရပါတယ်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button