
လည်ပတ်စရာ များများစားစား မရှိတဲ့ ကရင်ပြည်နယ် မြို့တော် ဘားအံမှာ အများပြည်သူကို ဆွဲဆောင်တဲ့ နေရာသစ် တစ်ခု တိုးလာပါပြီ။
အဲဒါကတော့ မြို့ပြင်မှာ တည်ရှိတဲ့ ချစ်သူမြိုင်အပန်းဖြေဥယျာဉ် ပါပဲ။
ဒီဇင်ဘာ ၃၁ ညနေခင်းမှာ တွေ့ရတဲ့ အပန်းဖြေဥယျာဉ်ရဲ့ မြင်ကွင်းတချို့ကို ဖော်ပြပေးလိုက်ပါတယ်။
ဘားအံနဲ့ အနီးဝန်းကျင်မြို့တွေက ဒေသခံတွေဟာ ၂၀၁၆ ရဲ့ နောက်ဆုံးနေ့မှာ အဲဒီ တည်ဆောက်ဆဲ ချစ်သူမြိုင်ရှိရာကို စုပြုံပြီး တိုးလာကြပါတယ်။
ချစ်သူမြိုင်ဟာ ၂၀၁၇ ကို တပျော်တပါး ကြိုဆိုကြမယ့်သူတွေရဲ့ စုရပ်ကြီးတစ်ခုလည်း ဖြစ်ပါတယ်။
ကလေးတွေအတွက် ပျော်ပါးစရာတွေ များပြားတဲ့ ဒီနေရာဟာ စနေ တနင်္ဂနွေ ရုံးပိတ်ရက်လည်းဖြစ်၊ ကျောင်းရက်ရှည်ပိတ်ရက်လည်းဖြစ်၊ နှစ်သစ်ကူးချိန်လည်းဖြစ်တာကြောင့် ဧည့်သည်တွေ အထူး များပြားလှပါတယ်။
အလုပ်သမားအများအပြားနဲ့ ဆက်လက် တည်ဆောက်နေတဲ့ ပန်းခြံထဲ အုပ်ထိန်းသူနဲ့ ကွဲကွားသွားတဲ့ ကလေးတွေကို ရှာဖွေရာမှာ လုံခြုံရေး ဝန်ထမ်းတွေက အကူအညီပေးနေတာလည်း တွေ့ခဲ့ရပါတယ်။


