အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

နေပြည်တော်နှင့် မန္တလေးတွင် လူ့အခွင့်အရေးကော်မရှင်ရုံးခွဲ ဖွင့်မည်

ရန်ကုန် – တိုင်ကြားစာများ ပိုမို လက်ခံရရှိနိုင်ရေးအတွက် မန္တလေး၊ နေပြည်တော်တို့တွင် ရုံးခွဲ ဖွင့်မည်ဟု မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က ဇန်နဝါရီ ၁၂ ရက်နေ့တွင် ပြောလိုက်သည်။

ဖေဖော်ဝါရီလကုန်ပိုင်း ဖွင့်လှစ်မည့် ရုံးခန်းများကို ပြင်ဆင်မွမ်းမံခြင်း၊ ဝန်ထမ်းအသစ် ခေါ်ယူခြင်းတို့ကို ဆောင်ရွက်နေကြောင်း ကော်ရှင်အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးယုလွင်အောင်က ပြောသည်။

“ရုံးအသစ်က မဆောက်နိုင်သေးတော့အငှားရုံးပေါ့။ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ စည်ပင်သာယာတို့မှာ အကူအညီတောင်းထားတယ်။ ပြီးရင်တော့ ရထားတဲ့မြေနေရာမှာ အဆောက်အအုံသစ်ကို လာမယ့် ဘတ်ဂျက်နှစ်မှာ ဆောက်မယ်”ဟု ၎င်းက ဆက်ပြောသည်။

ဤအတောအတွင်း ကော်မရှင်၏ တစ်ခုတည်းသော ရုံးကို ရန်ကုန်၊ လှိုင်မြို့နယ်တွင် တွေ့နိုင်သည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

Myanmar Now နှင့် မကြာသေးခင်က ပြုလုပ်ခဲ့သော တွေ့ဆုံမေးမြန်းခန်းတစ်ခုတွင် ဦးယုလွင်အောင်က ကော်မရှင်သည် အများ ယုံကြည်လေးစားမှု ပိုမို ရရှိရန် ကြိုးပမ်း ဆောင်ရွက်နေကြောင်း၊ သို့မှသာ လူ့အခွင့်အရေး ချိုးဖောက်ခံရသူများက ကော်မရှင်ကို ယုံယုံကြည်ကြည်၊ ရဲရဲတင်းတင်း တိုင်ကြားလာမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

သမ္မတဟောင်းဦးသိန်းစိန်အစိုးရ လက်ထက်က စတင် ပေါ်ပေါက်ခဲ့သော ကော်မရှင်သည် တပ်မတော်အရာရှိဟောင်းများ ပါဝင်နေမှုကြောင့် ဝေဖန်ခံခဲ့ရသည်။

ကော်မရှင်က ကိုင်တွယ်ခဲ့သည့် အမှုများအနက် ယမန်နှစ် သြဂုတ်လက ရန်ကုန်ုမြို့ အင်းဝအပ်ချုပ်ဆိုင် ကလေးအလုပ်သမားများ နှိပ်စက်ခံရသည့်အမှုနှင့် ပတ်သက်ပြီး ဝေဖန်မှု အများဆုံး ခံခဲ့ရပြီးနောက် ကော်မရှင်အဖွဲ့ဝင် ၄ ဦး နုတ်ထွက်သွားသည်။

ကျန်ရှိနေသည့် ကော်မရှင်အဖွဲ့ဝင် ၇ ဦးသည် လေ့ကျင့်ရေးနှင့်ပညာပေးရေး၊ နိုင်ငံတကာဆက်ဆံရေး၊ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်ရေး၊ စီမံခန့်ခွဲရေး၊ ဘဏ္ဍာရေးဆိုင်ရာ လုပ်ငန်းများကို ခွဲဝေ တာဝန်ယူနေကြကြောင်း သိရသည်။

(ဤသတင်း ရေးသားသူ သိင်္ဂီဝင်းတင်သည် Myanmar Now ၏ အလုပ်သင်သတင်းထောက်တစ်ဦး ဖြစ်သည်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles