အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

အမျိုးသမီးများကို အကြမ်းဖက်မှုဆိုင်ရာဥပဒေကြမ်း လွှတ်တော်တင်တော့မည်

အမျိုးသမီးများအပေါ်အကြမ်းဖက်မှု တားဆီးကာကွယ်ရေးဆိုင်ရာ ဥပဒေကြမ်း ရေးဆွဲပြီးပြီ ဖြစ်သောကြောင့် ယခုလအတွင်း လွှတ်တော်သို့တင်သွင်းမည်ဟု လူမှုဝန်ထမ်းဦးစီးဌာန၊ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါ်နော်သဝါးက ဇန်နဝါရီ ၁၉ ရက်နေ့တွင် ပြောသည်။

“ဥပဒေမူကြမ်းက သက်ဆိုင်ရာဌာနတွေကို ဇန်နဝါရီလ ၁၆ ရက်နေ့က တင်သွင်းပြီးပါပြီ၊ အဲဒီကမှတစ်ဆင့် ပြည်ထောင်စု အစိုးရအဖွဲ့နဲ့ လွှတ်တော်ကို ဆက်တင်ပါမယ်” ဟု ဒေါ်နော်သဝါးက ဆိုသည်။

ဘာသာပေါင်းစုံ လူမျိုးပေါင်းစုံမှ အမျိုးသမီးတို့ကို ထိထိရောက်ရောက် အကာအကွယ်ပေးနိုင်မည့် ဥပဒေဖြစ်သည်ဟု သူက ဆက်ပြောသည်။

ဥပဒေတွင် မူလက ညှိနှိုင်းဖျန်ဖြေပေးခြင်းအခန်းကို ထည့်သွင်းရေးဆွဲထားသော်လည်း ထိုအချက်ကို အလွဲသုံးစားပြုလုပ်ကာ အကြမ်းဖက်မှုများ ကျူးလွန်နိုင်သောကြောင့် ပယ်ဖျက်လိုက်ကြောင်း သိရသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ယမန်နှစ်က ပေါ်ပေါက်ခဲ့သော ရန်ကုန်မြို့ အင်းဝအပ်ချုပ်ဆိုင်မှ ကလေးအလုပ်သမားများ အကြမ်းဖက်နှိပ်စက်ခံရမှုတွင် ကြားဝင် ညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေးခြင်းနှင့် ပတ်သက်ပြီး အငြင်းပွားဖွယ်ရာများ ဖြစ်ပွားခဲ့မှုကို လေ့လာပြီးနောက် ထိုသို့ ပယ်ဖျက်လိုက်ခြင်း ဖြစ်သည်ဟု ဆိုသည်။

ယခုဥပဒေကြမ်းတွင် အိမ်ထောင်ဖက်က အဓမ္မပြုကျင့်ခြင်းနှင့် အိမ်ထောင်ဖက်က အနိုင်အထက်ပြုကျင့်မှု ပုံစံအမျိုးမျိုးကို ကာကွယ်နိုင်သည့် ပြဋ္ဌာန်းချက်များ၊ လုပ်ငန်းခွင်အတွင်း အကြမ်းဖက်ခံရမှုများအတွက် ပြဋ္ဌာန်းချက်များအား ထည့်သွင်းရေးဆွဲထားကြောင်း သိရသည်။

ထိုဥပဒေသည် အခြားသော တည်ဆဲ ဥပဒေများပေါ်တွင် လွှမ်းမိုးခွင့်ရှိလာမည်၊ ပြစ်မှုထင်ရှား၍ အမြင့်ဆုံးအဆင့် သေဒဏ်အထိ ချမှတ်နိုင်မည်၊ သေဒဏ်ချမှတ်ခံရသူသည် ထောင်မှ လွတ်ငြိမ်းချမ်းသာခွင့်ရှိမည်မဟုတ်ဟု ဥပဒေ ရေးဆွဲရာတွင် ပါဝင်သည့် ပညာရှင်များထံမှ သိရသည်။

၂ဝ၁၅ခုနှစ်က ပြဋ္ဌာန်းခဲ့သော မျိုးစောင့်ဥပဒေများအနက် လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေသည် တစ်နိုင်ငံလုံးရှိ လူမျိုး၊ဘာသာ မတူညီသော အမျိုးသမီးများကို စိတ်ပိုင်းပိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ၊ လူမှုစီးပွားပိုင်းဆိုင်ရာ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများတွင် ထိရောက်သော ကာကွယ်မှု မပေးနိုင်သည့် အတွက် ဤဥပဒေကြမ်းကို ရေးဆွဲရခြင်းဖြစ်သည်ဟုလည်း ဥပဒေရေးဆွဲရာတွင် ပါဝင်သည့် ဥပဒေရေးရာ ကုစားရေးအဖွဲ့ (မြန်မာ) ၏ ဒါရိုက်တာ၊ တရားလွှတ်တော်ရှေ့နေ ဒေါ်လှလှရီက ပြောသည်။

ထိုဥပဒေကြမ်းကို ၂ဝ၁၃ နိုဝင်ဘာလမှ စတင်ရေးဆွဲခဲ့ခြင်းဖြစ်သည်ဟု ဥပဒေရေးဆွဲရေးကော်မတီတွင် ပါဝင်ဆောင်ရွက်ခဲ့သော အရပ်ဘက်လူမှုအဖွဲ့အစည်းတစ်ခုဖြစ်သည့် ကျားမ တန်းတူညီမျှရေးကွန်ရက်၏ ညွှန်ကြားရေးမှူး ဒေါ်မေစံပယ်ဖြူက ပြောသည်။

“စတင်ရေးဆွဲကတည်းက ဒီဥပဒေကြမ်းနဲ့ သဘောထားကွဲလွဲမှုရှိနေတဲ့ အကြောင်းအရာတွေကအများကြီးပဲ၊ မြင်သာအောင်ပြောရရင်တော့ မျိုးစောင့်ဥပဒေပေါ့” ဟု ဒေါ်မေစံပယ်ဖြူက ကြုံတွေ့ရသည့် အခက်အခဲကို ဆက်လက်ပြောကြားသည်။

တင်သွင်းတော့မည့် ဥပဒေကြမ်းသည် သူရ ဦးရွှေမန်း ဦးဆောင်သည့် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များဆန်းစစ်ရေးကော်မရှင်က ထုတ်ပြန်ထားသည့် အရေးတကြီး ပြဋ္ဌာန်းသင့်သည့် ဥပဒေများထဲတွင် တစ်ခုအပါအဝင် ဖြစ်သည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles