အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဒေါ်အောင်ဆန်းစုကြည်ထံမှ အောက်စဖို့ဒ် ဂုဏ်ထူးဆောင်ဆု ပြန်သိမ်းမည်မဟုတ်

ဒေါ်အောင်ဆန်းစုကြည်အား ချီးမြှင့်ထားသည့် ဗြိတိန်နိုင်ငံ အောက်စဖို့ဒ်တက္ကသိုလ်၏ ဂုဏ်ထူးဆောင်ဆုကို ပြန်လည်ရုပ်သိမ်းမည်မဟုတ်ဟု တက္ကသိုလ် တာဝန်ရှိသူတစ်ဦးက ပြောဆိုကြောင်း ဗြိတိသျှအင်တာနက်သတင်းစာမျက်နှာများတွင် စက်တင်ဘာ ၂၂ ရက်နေ့က ရေးသားထားသည်။

မြန်မာနိုင်ငံတွင် လူမျိုးရေးရှင်းလင်းမှုများ ဖြစ်ပေါ်နေသည်ဟူသော အချက်နှင့် ပတ်သက်ပြီး ကုလသမဂ္ဂ လူ့အခွင့်အရေးမဟာမင်းကြီးနည်းတူ ထပ်တူထပ်တူမျှ စိုးရိမ်မကင်း ဖြစ်မိကြောင်း၊ သို့သော် ဒေါ်အောင်ဆန်းကြည်အား ပေးအပ်ထားသော ဆုကို ပြန်လည်ရုပ်သိမ်းရန် ဆွေးနွေးပြောဆိုမှုများ မရှိကြောင်း တက္ကသိုလ်၏ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီးက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည် ပညာသင်ယူခဲ့သော အောက်စဖို့ဒ်တက္ကသိုလ်သည် ရန်ကုန်တက္ကသိုလ်နှင့် ပညာရေးဆိုင်ရာ လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

ရခိုင်ဒေသအရေးအခင်းကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာက ပြင်းထန်စွာ ဝေဖန်မႈများရှိနေပြီး၊ ငြိမ်းချမ်းရေး နိုဘယ်ဆုအပါအဝင် သူ့အားပေးထားသော ဆုတချို့ကို ပြန်လည်ရုပ်သိမ်းရန် တောင်းဆိုမှုများရှိနေသည်။

အောက်စဖို့ဒ်မြို့တော်ကောင်စီကမူ ဒေါ်အောင်ဆန်းစုကြည်အား ပေးထားသော Freedom of the City ဆုအား လာမည့်လတွင် ရုပ်သိမ်းကောင်း ရုပ်သိမ်းနိုင်သည်ဟု ကြေညာထားသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button