အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဘူးသီးတောင်တွင် ပေါက်ကွဲမှုဖြစ်၊ ထိခိုက်သေဆုံးမှု မရှိ

ရန်ကုန် – ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ နယ်မြေ ၁ဝ၊ မိချောင်းဈေးကျေးရွာတွင် စက်တင်ဘာ ၂၂ ရက်နေ့က လက်လုပ်မိုင်းတစ်လုံး ပေါက်ကွဲခဲ့ကြောင်း အစိုးရက နေ့တွင်းချင်း သတင်းထုတ်ပြန်သည်။

အကြမ်းဖက်သမားတို့က မိုင်းထောင်ခြင်းဖြစ်ပြီး “ဗလီတက်ချိန် ထိတ်လန့်ကြောက်ရွံ့မှု ဖြစ်စေရန်” ရည်ရွယ်သည်ဟု အစိုးရက စွပ်စွဲလိုက်သည်။

ပေါက်ကွဲမှုကြောင့် ထိခိုက်သေဆုံးသူ မရှိကြောင်း နယ်ခြားစောင့်တပ်မှ ဗိုလ်ကြီးထွန်းနိုင်က ပြောသည်။

“အကြမ်းဖက်သမားတွေပဲပေါ့၊ သူတို့တွေက အာရဗီကျောင်းတွေ၊ ဗလီတွေမှာ တည်းခိုတတ်တယ်လို့ ယူဆတယ်။ သူတို့ပဲ ဒီလှေကားအောက်ခြေခုံနားမှာ သိမ်းထားတာလို့ လတ်တလော ယူဆတယ်။ ပေါက်တဲ့မိုင်းအနီးအနားမှာ ဝါယာကြိုးတွေနဲ့ မိုင်းနဲ့ ပတ်သက်တဲ့ အသုံးအဆောင်တချို့လည်း တွေ့ရတယ်” ဟု ဗိုလ်ကြီးထွန်းနိုင်က ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ဇူလိုင် ၁၅ ရက်နေ့က မောင်တောမြို့နယ်၊ ပြောင်ပိုက်ကျေးရွာနှင့် ငါးစားကြူးကျေးရွာအကြားတွင် အစွန်းရောက် အကြမ်းဖက်များ ထောင်ထားသည်ဟု ယူဆရသော ဒေသန္တရလက်လုပ်မိုင်း ၁ လုံးပေါက်ကွဲမှုကြောင့် သုံးဦး သေ၊ တစ်ဦး ဒဏ်ရာရခဲ့သည်ဟု အစိုးရက သတင်းထုတ်ပြန်ထားသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button