အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မန္တလေးရှေ့နေနှင့် အမျိုးသမီးတစ်ဦး တရားခွင်တွင် အဖမ်းခံရ

ဖေဖော်ဝါရီ ၁၀ ရက်နေ့က ရှေ့နေတစ်ဦးအပါအဝင် အမျိုးသမီးနှစ်ဦးတို့ မန္တလေးမြို့တရားခွင်တစ်ခုတွင် ဖမ်းဆီးခံရကြောင်း သိရသည်။

အသက် ၃၀ ကျော်အရွယ် ရှေ့နေ ဒေါ်ဇင်မာဝင်း၊ အာဏာဖီဆန်မှုလှုပ်ရှားမှု (CDM) တွင် ပါဝင်နေသည့် ၃၅ နှစ်ဝန်းကျင် ဌာနဆိုင်ရာဝန်ထမ်း ဒေါ်ဇာနည်ထိုက်တို့ကို စစ်ကောင်စီက လမ်း ၃၀ ရှိ ရုံးပေါင်းစုံ ခရိုင်တရားရုံးတွင် ဝင်ရောက်ဖမ်းဆီးသွားသည်ဟု ရှေ့နေ အမျိုးသားတစ်ဦးက ပြောသည်။

“ခရိုင်ရုံးဝင်းထဲက တရားခွင်မှာ ဝင်ဖမ်းသွားတာပါ။ တစ်ဦးက အမှုလိုက်ရှေ့နေပါ။ တစ်ဦးကတော့ အခြားအစိုးရဌာနတစ်ခုကနေ CDM လုပ်ထားသူလို့ပဲ သိရတယ်၊ အသေးစိတ်တော့ မသိဘူး။ နှစ်ဦးလုံး ဖမ်းပြီးကတည်းက အဆက်အသွယ်မရဘူး ကြားတယ်” ဟု ၎င်းက ဆိုသည်။

ဒေါ်ဇာနည်ထိုက် မည်သည့်အကြောင်းကြောင့် ထိုရုံးသို့ သွားသည်ကို မသိရသေးပေ။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

၎င်းတို့နှစ်ဦးလုံး ဖမ်းဆီးခံရသည့် အကြောင်းရင်းကို မသိရသေးကြောင်း ၎င်းက ဆိုသည်။

အစိုးရခေါင်းဆောင်များ၊ ရှေ့နေများအပါအဝင် အာဏာသိမ်းမှုဆန့်ကျင်သူတို့ကို ဖမ်းဆီးနှိပ်စက်ကာ ပုဒ်မမျိုးစုံဖြင့် စွပ်စွဲအမှုဖွင့်နေရာ မန္တလေးဒေသတွင်လည်း ထိုဖြစ်ရပ်မျိုး အများအပြား ရှိနေသည်။

ယမန်နှစ် ဒီဇင်ဘာ ၂၂ ညနေကလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင် အသက် ၄၀ ဝန်းကျင်အရွယ် ဦးဝင်းကျော်စိုး ပုသိမ်ကြီးမြို့နယ်၊ ကျီကုန်းကျေးရွာရှိ နေအိမ်၌ ဖမ်းဆီးခံရသည်။

၎င်းကို ၂၀၂၁ မတ်လအတွင်း လူမှုကွန်ရက်တွင် စစ်ကောင်စီနှင့် ပတ်သက်၍ ရေးသားခဲ့သော အကြောင်းအရာများကြောင့် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု စစ်တပ်ကောင်းကြောင်း ရေးသားလေ့ရှိသည့် တယ်လီဂရမ်စာမျက်နှာများက ဖော်ပြကြသည်။

အရပ်သားအစိုးရကို ဖြုတ်ချကာ စစ်တပ်က အာဏာသိမ်းပြီး နှစ်နှစ်ကျော်အတွင်း မန္တလေးမြို့တွင် နိုင်ငံရေးအမှု လိုက်ပါဆောင်ရွက်နေသည့် ရှေ့နေ ၁၅ ဦးထက်မနည်း ဖမ်းဆီးခံထားရသည်။

NLD ပါတီ ဒုဥက္ကဋ္ဌ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၏ရှေ့နေ ဒေါ်ရွက်နုအောင်သည်လည်း ၂၀၂၂ ဧပြီ ၂၈ တွင် ဖမ်းဆီးခံရပြီး ၈ လ အကြာတွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပါ ငွေကြေးထောက်ပံ့မှုဆိုင်ရာပုဒ်မ ၅၀(ည) ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခံရသည်။

ဒေါ်ရွက်နုအောင်သည် အာဏာသိမ်းမှုမတိုင်ခင်က နာမည်ကျော် ဗစ်တိုးရီးယားအမှုကို လိုက်ပါ ဆောင်ရွက်ခဲ့သူတစ်ဦး ဖြစ်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button