အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ရေဦးတွင် ပကဖ ၃ ဦးနှင့် အရပ်သား ၂ ဦး သတ်ဖြတ်ခံရ

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်အတွင်း ကျေးရွာများကို သွားရောက်စီးနင်းသည့် စစ်ကောင်စီတပ်က ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ပြည်သူကာကွယ်ရေးအဖွဲ့ (ပကဖ)  အဖွဲ့ဝင် ၃ ဦးကို နှိပ်စက် သတ်ဖြတ် လိုက်ပြီး အရပ်သား ၂ ဦးအား ပစ်သတ်လိုက်ကြောင်း သိရသည်။ 

နိုဝင်ဘာ ၁၁  နံနက်တွင် ရဟတ်ယာဥ် ၂ စီးက  မြို့မြောက်ပိုင်း စည်သာမြေနှင့် လိန်တောရွာကြားကို သွားရောက် ပစ်ခတ်ကာ  ရဟတ်ယာဉ် ၄ စီးဖြင့် စစ်သားများ ချထားပြီး စီးနင်းခဲ့ခြင်း ဖြစ်သည်။

ဆွေးနွေးပွဲလုပ်မည့်သတင်းရသဖြင့် ထိုရွာကို ဝင်တိုက်ခြင်း ဖြစ်နိုင်သည်ဟု ဒေသခံကာကွယ်ရေး အဖွဲ့များထံမှ သိရသည်။ 

“ဆွေးနွေးကြမဲ့အချိန်မှာပဲ ရဟတ်ယာဉ် Mi 35 ၂ စီးနဲ့ Mi 17 ၂ စီး၊ ၄ ခေါက်နဲ့ အဝိုင်းခံရတယ်။ အပစ်ခံရတယ်” ဟု ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

မိနစ် ၂၀ ကြာ ပစ်ခတ်ပြီးနောက် တစ်ပြိုင်တည်းမှာပင် ရဟတ်ယာဉ်များဖြင့် စစ်သားများချကာ ဆက်တိုက် စစ်ကြောင်းထိုးစီးနင်းခဲ့သည်။

ထို့နောက် ပိတ်မိနေသည့် ပကဖ ၃ ဦး ဖမ်းဆီး နှိပ်စက်ခံရပြီးနောက်  ဦးခေါင်းကို ပစ်ခတ်သွားခြင်း ဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ရွှေဘိုခရိုင်၊ တပ်ရင်း ၁၄ ထံမှ သိရသည်။

သေဆုံးသွားသည့်အဖွဲ့ဝင်များမှာ အသက် ၂၀ ဝန်းကျင် အမျိုးသား ၂ ဦး၊ အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) တွင် ပါဝင်နေသည့် အသက် ၄၀ ဝန်းကျင်အရွယ် ကျောင်းဆရာတို့ ဖြစ်ပြီး ထိုသူများကို နောက်တစ်နေ့တွင် သင်္ဂြိုဟ်ခဲ့သည်။ 

ရဟတ်ယာဉ်ဖြင့် ရောက်လာသည့် အင်အား ၁၀၀ နီးပါးပါ စစ်ကြောင်းသည် ထိုနေ့ ညနေပိုင်းတွင် စည်သာမြေရွာမှတဆင့် အနီးအနားကျေးရွာများကိုဝင်ရောက်စီးနင်းခဲ့သည်၊  ပန်းကုံးရွာမှ အသက် ၅၀ ကျော်အရွယ် အမျိုးသား ၁ ဦးနှင့် ကံပေါက်ရွာမှ ဒေသခံအမျိုးသား ၁ ဦးကို  အကြောင်းမဲ့ ပစ်သတ်ခဲ့ ကြောင်း ကာကွယ်ရေးအဖွဲ့များထံမှ သိရသည်။

“ပန်းကုံးရွာဘက်မှာတော့ စိတ်မမှန်တဲ့သူတစ်ဦးကို အသားလွတ်သတ်သွားတယ်။ ကံပေါက်မှာ တစ်ဦး ရှိတယ်။ စည်သာမြေဘက်ကနေ ညောင်တောင်ပံစွန်းစွန်းဘက်ကို ထွက်သွားပြီး ကံပေါက်ရွာဘက်ကို ပြန်ဝင်လာတာပေါ့၊ ဒါကတော့ ဘာမှမဆိုင်တဲ့ပြည်သူတွေပါ။ လက်ရှိ ဆောင်ရွက်နေတဲ့ အဝန်းအဝိုင်း ထဲ မှာလည်း မပါတဲ့သူတွေပါ” ဟု အထက်ပါ ပကဖ တာဝန်ခံက ပြောသည်။

ပန်းကုံးရွာတွင် နှစ်ရက်ကြာ တပ်စွဲမွှေနှောက်ခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ  ယမန်နေ့ (နိုဝင်ဘာ ၁၃) တွင် မူးမြစ်တစ်ဘက်ကမ်းကို ကူးပြီး ရေဦးမြို့သို့ပြန်လည်ဝင်ရောက်သွားကြောင်း ဒေသခံများထံမှ သိရသည်။ 

ပန်းကုံးရွာမှ ဒေသခံအမျိုးသား ၂ ဦးကို ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း၊ ထို ၂ ဦးမှာ ယနေ့ (နိုဝင်ဘာ ၁၄)ရက် နေ့လယ်အထိ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးကြောင်း သိရသည်။ 

စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရေဦးမြို့တွင်း ပြန်ဝင်သွားပြီးဖြစ်သည့်အတွက် တိမ်းရှောင်နေသည့် ဒေသခံများ ရွာတွင်း ပြန်ဝင်ကြသော်လည်း အချို့မှာ စိုးရိမ်စိတ်ကြောင့် ဆက်လက် ရှောင်တိမ်းနေဆဲ ဖြစ်သည်ဟု သိရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button