အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

တွံတေးမြို့နယ်မှ ပျူစောထီးအဖွဲ့ ပစ်ခတ်ခံရ၊ ၃ ဦးသေဆုံး

ရန်ကုန်တစ်ဖက်ကမ်း တွံတေးမြို့နယ်တွင် ယခုလ ၅ ရက်က စစ်ကောင်စီလက်အောက်ခံ ပျူစောထီး ၇ ဦးကို ပစ်ခတ်လုပ်ကြံစဉ် ၃ ဦးသေဆုံးသွားသည်ဟု ဒေကာကွယ်ရေးအဖွဲ့ထံမှ သိရသည်။

တွံတေးမြို့မှ ၇ မိုင်ခန့်ဝေးသည့် သမ္ဗန်ဆိပ်ကျေးရွာမှ ပျူစောထီးများသည် စစ်တပ်သတင်းပေးလုပ်ကိုင်နေခြင်းကြောင့် လုပ်ကြံခဲ့ခြင်းဖြစ်ကြောင်း တွံတေး မြို့ပြပြောက်ကျားတာဝန်ခံက ပြောသည်။

“စစ်တပ်ရဲ့ထောက်တိုင်ဖြစ်တယ် (စစ်တပ်ကို) ငွေရှာပေးနေတဲ့သူတွေဖြစ်တယ်။ ရပ်ရွာလုံခြုံရေးလည်း ထိခိုက်လို့ ကျွန်တော်တို့ ရှင်းလိုက်ပါတယ်” ဟု ထိုတာဝန်ခံက ပြောသည်။

ပစ်ခတ်ခံရသူများမှာ အသက်၂၆ နှစ်မှ အသက် ၄၀ အတွင်းရှိ ကိုသိန်းဇော်၊ ကိုသိန်းဝင်း၊ ကိုဟိန်းမင်းထက်၊ ကိုအောင်သူ၊ ကိုကျော်လင်းနိုင်၊ ကိုဟိန်းမင်းသူတို့ဖြစ်သည်ဟု သိရသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

သမ္ဗန်ဆိပ်ကျေးရွာနေ ကိုသိန်းဇော်နှင့် ကိုသိန်းဝင်း ညီအစ်ကိုနှစ်ဦး၏နေအိမ်တွင် တုတ်၊ ဓား လက်နက်တို့ဖြင့် လူစုစည်းဝေးနေချိန် ဒေသကာကွယ်ရေးအဖွဲ့က လက်ဦးမှုယူ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည် လုပ်ကြံသည့်အဖွဲ့က ဆိုသည်။

ပစ္စတိုသေနတ် နှစ်လက်စီ ကိုင်ဆောင်လာသော မြို့ပြပျောက်ကျားအဖွဲ့ဝင် နှစ်ဦးက အချက် ၄၀ နီးပါး ပစ်ခတ်ရာ ကိုသိန်းဇော်နှင့် ကိုသိန်းဝင်းတို့ ပွဲချင်းပြီးသေဆုံးပြီး ကျန်သူများ ဒဏ်ရာရရှိသဖြင့် ဆေးရုံပို့ဆောင်စဉ် ကိုကျော်လင်းနိုင် ထပ်မံသေဆုံးခဲ့သည်ဟု စစ်ကောင်စီ၏ ဝါဒဖြန့်မီဒီယာအချို့က Telegram လူမှုကွန်ရက်တွင် ရေးသားသည်။ 

သေဆုံးသူများမှာ တွံတေးမြို့နယ် ကျွန်းတောရပ်ကွက်၊ သမ္ဗန်ဆိပ်၊​ ရွာသစ်ကြီးနှင့်​ ပြသတိုက်ကျေးရွာ တို့မှဖြစ်ကာ ကျပန်းလုပ်သားများဖြစ်သည်ဟုလည်း စစ်ကောင်စီဝါဒဖြန့် မီဒီယာက ဆိုသည်။​

ရန်ကုန်အနီး တွံတေးမြို့နယ်တွင် အာဏာသိမ်းပြီးနောက် အပြန်အလှန် လုပ်ကြံသတ်ဖြတ်မှုများ မကြ ခဏပေါ်ပေါက်နေရာ ယခုလ ၆ ရက်ကလည်း လာကပုံကျေးရွာမှ မိဘမေတ္တာ ကားဝပ်ရှော့ပိုင်ရှင် ဇနီးမောင်နှံ ပစ်သတ်ခံခဲ့ရသည်။

အသက် ၄၁ နှစ်အရွယ် ကိုတိုးမင်းထိုက်နှင့် အသက် ၂၀ အရွယ် မပပဝင်းတို့၏ ဦးခေါင်း၊ လည်ပင်း၊ လက်တို့တွင် ကျည်ထိဒဏ်ရာများဖြင့် သေဆုံးနေသည်ကို ကားဝပ်ရှော့သို့ အလုပ်လာဆင်းသည့် ဝန်ထမ်းက တွေ့ရှိခဲ့ခြင်းဖြစ်သည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သတ်၍ မည်သည့်လက်နက်ကိုင်အဖွဲ့က လုပ်ဆောင်သည်ကို မသိရသေးပေ။

အသတ်ခံရသူ ဇနီးမောင်နှံမှာ စစ်ကောင်စီနှင့် ပတ်သတ်ခြင်း၊ သတင်းပေး ဒလန်လုပ်ခြင်း မရှိဘဲ ရိုးရိုးအေးအေး လုပ်ကိုင်စားသောက်နေသူများဖြစ်သည်ဟု တွံတေးမြို့ပြပြောက်ကျားအဖွဲက ဆိုသည်။

“ဘယ်သူတွေပစ်သွားတော့ လဲမသိဘူး။ ကျွန်တော်တို့ကတော့ ဝမ်းနည်းကြေကွဲကြောင်းနဲ့ ပစ်တဲ့သူတွေကို ဖော်ထုတ်ဖမ်းဆီးမယ်လို့ ထုတ်ပြန်ထားတယ်” ဟု ပြောက်ကျားအဖွဲ့ တာဝန်ခံ ဗိုလ်တွံတေးက ပြောသည်။

ထိုကားဝပ်ရှော့ပိုင်ရှင် ဇနီးမောင်နှံ အသတ်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရောက်လာပြီး လာကပုံကျေးရွာနှင့် အနီးတစ်ဝိုက်ရှိ ဒေသခံ ၂၀ ဦးခန့် ဖမ်းဆီးထားသည်ဟုလည်း သိရသည်။ 

အဆိုပါ ဖြစ်စဉ်များနှင့် ပတ်သက်၍ စစ်ကောင်စီပြောခွင့်ရထံ Myanmar Now က ဆက်သွယ်၍ မရဖြစ်နေပြီး သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။

အာဏာသိမ်းစစ်ခေါင်းဆောင်က ပြည်သူ့လုံခြုံရေးအတွက်ဆိုကာ စစ်တပ်ကို ထောက်ခံသူများနှင့် ပြည်သူ့စစ်များ ဖွဲ့စည်းရန် ညွှန်ကြားထားသည်။ ထို့နောက် ပျူစောထီးအမည်ခံ စစ်တပ်ထောက်တိုင်များ၊ စစ်မှုထမ်းဟောင်းများနှင့် သွေးသောက်ကဲ့သို့သောအဖွဲ့များ ​ဒေသအချို့တွင် ပေါ်ပေါက်လာနေသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles