အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

အကြမ်းဖက်မှုဖြင့် စွပ်စွဲခံရပြီး ပြန်လွတ်လာသူကို စစ်ကောင်စီ ထပ်မံဖမ်းဆီး

ရက္ခိုင့်တပ်တော် (AA)နှင့် ဆက်သွယ်သည်ဟု စွပ်စွဲကာ အကြမ်းဖက်မှုဖြင့် တစ်နှစ်နီးပါး တရားရင်ဆိုင်ခဲ့ရကာ ပြန်လွတ်လာသည့် ရခိုင်ပြည်နယ် တောင်ကုတ်မြို့ခံတစ်ဦးကို စစ်ကောင်စီက နိုဝင်ဘာ ၄ ရက်တွင် ထပ်မံဖမ်းဆီးလိုက်သည်။

တောင်ကုတ်မြို့ခံ ပရဟိတသမား ဦးစည်သူကျော်ဇံကို ၂၀၂၀ မေ ၂၅ တွင် စစ်ကောင်စီက ပထမအကြိမ် ဖမ်းဆီးဖူးပြီး သံတွဲအကျဉ်းထောင်တွင် ချုပ်နှောင်ကာ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂(က) အားပေးကူညီမှုဖြင့် အမှုဖွင့်ဖူးသည်။

သို့သော် အမှုကို စစ်ဆေးနေသည့် တောင်ကုတ်မြို့နယ်တရားရုံးက ၂၀၂၁ ဧပြီ ၂၆ ရက်တွင် ပြန်လွှတ်ပေးခဲ့ပြီးနောက် အသက် ၄၀ အရွယ် ဦးစည်သူကျော်ဇံမှာ ပရဟိတအလုပ်ပင် မလုပ်ရဲတော့ဘဲ ရှမ်းခေါက်ဆွဲဆိုင်ဖွင့်ကာ နေထိုင်ခဲ့ကြောင်း  လုံခြုံရေးအရ အမည်မဖော်လိုသည့် မြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

“အပြစ်မရှိလို့ လွတ်လာပြီးတဲ့နောက်ပိုင်းမှာ သူက လူမှုရေးအလုပ်တွေတောင် နားပြီး သူ့ဆိုင်လုပ်ငန်းကိုပဲ အေးအေးဆေးဆေးလုပ်နေတာ။ အခု စစ်ဆေးမေးမြန်းစရာ ရှိတယ်ဆိုပြီး ဖမ်းသွားပြီ။ သူအဖမ်းခံရတော့ လူမှုရေးလုပ်ငန်းတွေမှာ ပါဝင်လုပ်ကိုင်သူတွေအားလုံး စိုးရိမ်စရာဖြစ်သွားပြီ။ ကျနော်တို့ဆို facebook တောင် မသုံးတော့ဘူး”။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

နိုဝင်ဘာ ၄ ရက် ည ၁၁ နာရီကျော်တွင် ကံပိုင်ရပ်ကွက် နေအိမ်သို့ စစ်သားနှင့် ရဲများ အိမ်စီးကားနှစ်စီးဖြင့် ရောက်လာပြီး ဦးစည်သူကျော်ဇံကို ထပ်မံဖမ်းဆီးသွားသဖြင့် နောက်တစ်ကြိမ် အချုပ်သားအဖြစ် အမှု ထပ်မံရင်ဆိုင်ရမည်ဟု သူ၏ အခြားသော မိတ်ဆွေ အမျိုးသားတစ်ဦးကလည်း စိုးရိမ်နေသည်။

“သူ့ကို စကခ ၅ (တောင်ကုတ်အခြေစိုက် အမှတ် ၅၊ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်) ကို ခေါ်သွားတယ်လို့ သိရပေမဲ့ မိသားစုနှင့် တွေ့ခွင့်မပေးဘူး။ ပြန်လွတ်လာဖို့ပဲ မျှော်လင့်ပါတယ်” ဟု ၎င်းက ပြောသည်။

ဦးစည်သူကျော်ဇံ ဖမ်းဆီးခံရသည့်နေ့ နံနက်ပိုင်းတွင် မအီမြို့နှင့် ၂ မိုင်ခန့်အကွာ မအီ – အမ်း ကားလမ်းကြီးပေါ်က စတွေးရွာတွင် ပြုလုပ်သော ဌာနဆိုင်ရာပေါင်းစုံဘုံကထိန်ပွဲတွင် မအီနယ်မြေ ရဲစခန်းမှူး ရဲအုပ် ဝင်းထွန်းနိုင်ကို ၆ ဦးပါ AA ဟု ယူဆရသူ လူတစ်စုက ဖမ်းသွားသည့် ဖြစ်စဉ် ရှိခဲ့သည်။ 

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ၂၀၂၁ ဖေဖော်ဝါရီတွင် စစ်တပ်က အာဏာသိမ်းပြီးနောက် တစ်ကျော့ပြန် တိုက်ပွဲများပြင်းထန်နေချိန်တွင် တောင်ကုတ်မြို့ တည်ရှိသည့် တောင်ပိုင်း၌ ပစ်ခတ်တိုက်ခိုက်မှုဖြစ်စဉ် အနည်းငယ်သာရှိသည်။

သို့သော် စစ်တပ်က AA နှင့် ဆက်စပ်သည်ဆိုသော စွပ်စွဲချက်ဖြင့် ရခိုင်ပြည်နယ်တောင်ပိုင်းတွင် အဖမ်းအဆီးကြမ်းနေသည်။ တောင်ကုတ်တွင် ဆရာဝန်တစ်ဦးအပါအဝင် ၆ ဦး၊ သံတွဲတွင် ၆ ဦးထက်မနည်း ဖမ်းဆီးခံထားရသည်။

၎င်းတို့ကို ထောင် ၃ နှစ်အထိ ချနိုင်သော မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇(၁) ဖြင့် အမှုဖွင့်ထားကြောင်း စစ်ကောင်စီက ကြေညာထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles