အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

စစ်ကြောင်းနှင့်တိုးသည့် ခင်ဦးဒေသကာကွယ်ရေးအဖွဲ့ဝင် ၄ ဦး သတ်ဖြတ်ခံရ

အောက်တိုဘာ၂၉ ရက်နေ့က စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှ ဒေသခံကာကွယ်ရေးအဖွဲ့ဝင် ၄ ဦး စစ်ကောင်စီတပ်နှင့် ထိပ်တိုက်တိုးပြီး သတ်ဖြတ်ခံရကြောင်း သိရသည်။

ထိုနေ့ နေ့ခင်းပိုင်း မြို့အရှေ့ဘက်ပျူစောထီးများ တပ်စွဲအခြေစိုက်ရာ မကျီးတုံကျေးရွာအနီး မိုင်းဖြင့် တိုက်ခိုက်ရန် ပြင်ဆင်နေချိန် ပစ်ခတ်ခံရခြင်း ဖြစ်သည်ဟု ဒေသအခြေစိုက် Khin U Dynamite Squad အဖွဲ့မှ တာဝန်ရှိသူ ကိုဂျပန်ကြီးက ဆိုသည်။

“သူတို့က စစ်ကြောင်းတစ်ခုကို လုပ်ဖို့ ကြိုးစားနေတဲ့အချိန် စစ်ကြောင်းရဲ့လှည့်ကင်းဖြစ်မယ် ထင်တယ်။ ထိပ်တိုက်တိုးပြီး ပစ်ခံလိုက်ရတာ” ဟု ၎င်းက ပြောသည်။

သေဆုံးသူများ၏ အမည်များကို ထုတ်ပြန်ခြင်းမပြုသော်လည်း အသက် ၂၀ ဝန်းကျင်လူငယ်များ ဖြစ်သည်၊ Khin U Dynamite Squad အဖွဲ့မှ ၃ ဦးနှင့် အခြားမဟာမိတ်အဖွဲ့မှ ၁ ဦးဖြစ်ကြောင်း သိရသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ထိုလူငယ်များတွင် ပြန်လည်ခုခံပစ်ခတ်နိုင်သည့်လက်နက် မပါရှိကြောင်း ၎င်းက ဆိုသည်။

“ကျွန်တော်တို့အဖွဲ့က လက်နက်တပ်ဆင်ဖို့က အားနည်းတော့ ကိုယ့်ကိုယ်ကိုယ်ကာကွယ်ဖို့ ဘာမှ မပါဘူးဗျာ” ဟု ၎င်းက ပြောသည်။ 

ရုပ်အလောင်းများကို နောက်တစ်နေ့ညနေပိုင်းတွင် ကောက်ယူသင်္ဂြိုဟ်နိုင်ခဲ့သည်ဟု သိရသည်။

ခင်ဦးမြို့အရှေ့ဘက် ၃ မိုင်အကွာတွင် တည်ရှိသည့် မကျီးတုံရွာတွင် ပြည်သူ့စစ် ခေါ် အရပ်ဝတ် လက်နက်ကိုင်ပျူစောထီးများ အခြေစိုက်တပ်စွဲထားကြောင်း ဒေသတွင်းကာကွယ်ရေးအဖွဲ့များက ပြောသည်။

ခင်ဦးအခြေစိုက် Khin U-Dynamite Squad သည် NUG နှင့် ပူးပေါင်းဆောင်ရွက်နေသော ဒေသခံကာကွယ်ရေးအဖွဲ့ဖြစ်ပြီး သေနတ် ၄ လက်ဝယ်ယူရန် ကျပ် သိန်း ၄၀၀ နီးပါး လိမ်လည်ခံရသောကြောင့် မကြာသေးမီကမှ NUG ထံ တိုင်ကြားထားသည်။ 

စစ်ကောင်စီဝါဒဖြန့် လူမှုကွန်ရက်စာမျက်နှာများတွင် PDF နှင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်လုပ်သေနတ် တစ်လက်၊ လက်လုပ်မိုင်းနှစ်လုံး၊ ဝါယာကြိုးနှစ်ခွေနှင့် ရုပ်အလောင်း ၄ လောင်း ရရှိကြောင်း ထုတ်ပြန်ထားသည်။

ခင်ဦးမြို့နယ်သည် စစ်အာဏာရှင်ဆန့်ကျင်ရေးကို လက်နက်ကိုင်ခုခံမှု အားကောင်းဆုံး မြို့နယ်များထဲတွင် ပါဝင်ပြီး ယခုနှစ် ဇန်နဝါရီမှ ဇွန်လကုန်ထိ တိုက်ပွဲပေါင်း ၁၄၀နှင့်အထက် ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးအကြံပေးကောင်စီ SAC -M အဖွဲ့အစီရင်ခံစာတွင် ဖော်ပြထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button