အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ငှက်ပျောစိုက်ကုမ္ပဏီက ကချင်သတင်းထောက်နှစ်ဦးကို ခေါ်ယူနှိပ်စက်ပြီး ယာယီထိန်းသိမ်း

ကချင်ပြည်နယ်အခြေစိုက် မြစ်ကြီးနားသတင်းဂျာနယ်မှ သတင်းထောက် နှစ်ဦးကို သခင်စစ် သတ္တုတူးဖော်ရေးကုမ္ပဏီက ဝိုင်းမော်မြို့နယ်တွင် ယနေ့  ခေါ်ယူတွေ့ဆုံကာ နှိပ်စက်ညှဉ်းပန်းပြီး ယာယီချုပ်နှောင်ခဲ့ကြောင်း ဂျာနယ်မှ အမှုဆောင်အရာရှိချုပ် ဦးဘရန်မိုင်က ပြောသည်။

အသက် ၂၀ ကျော် အရွယ် လူငယ်များဖြစ်သော မမွန်းမွန်းပန်၊ ကိုအားကျယ်တို့ကို ရဲတပ်ဖွဲ့ အကူအညီဖြင့် သွားရောက်ကယ်ထုတ်နိုင်ခဲ့ကြောင်း၊ နှိပ်စက်ဖမ်းဆီးမှုအတွက် ရဲစခန်းတွင် အမှုဖွင့်မည် ဖြစ်ကြောင်း  ၎င်းက ပြောသည်။

“မိန်းကလေးကို တစ်ခန်းမှာ ချုပ်ထားတယ်။ ယောက်ျားလေးကို တစ်ခန်းမှာ ချုပ်ထားတယ်။ ကျွန်တော်တို့ကို တစ်ယောက်က ဖုန်းဆက်ပြီး ပြောတယ်” ဟု ၎င်းက ပြောသည်။

ထိုသို့ ရိုက်နှက်ဖမ်းဆီးမှုသည် ဖေဖော်ဝါရီ ၂၅ ရက်နေ့ထုတ် မြစ်ကြီးနားဂျာနယ်တွင် မွန်းမွန်းပန် ရေးသားသည့် “မန်ဒေါင် ကျေးရွာအုပ်စုတွင်  တရုတ် တစ်သျူးငှက်ပျော စိုက်ပျိုးသည့် ကုမ္ပဏီနှစ်ခု ဝင်ရောက် လုပ်ကိုင်နေ” ဆိုသည့် သတင်းနှင့် ဆက်နွှယ်မည်ဟု ယူဆရကြောင်း ၎င်းက ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

သတင်းနှင့် ပတ်သက်ပြီး ကုမ္ပဏီ တာဝန်ရှိသူများက သတင်းထောက်နှစ်ဦးကို ယနေ့ နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့ တစ်ဖက်ကမ်းရှိ ဝိုင်းမော်မြို့နယ်သို့ ခေါ်ယူတွေ့ဆုံပြီးနောက် ဤဖြစ်ရပ် ပေါ်ပေါက်လာခြင်း ဖြစ်သည်ဟု ၎င်းက ပြောသည်။

နံနက် ၁၁ နာရီခွဲတွင် ကယ်ထုတ်နိုင်ခဲ့ကြောင်း၊ အမျိုးသမီးသတင်းထောက် ပါးရိုက်ခံရကြောင်း၊ အမျိုးသားသတင်းထောက် ထိုင်ထ အကြိမ်များစွာ လုပ်ခဲ့ရကြောင်း ၎င်းက ဆက်ပြောသည်။

 မြစ်ကြီးနားဂျာနယ်၏ facebook စာမျက်နှာတွင်လည်း ဖော်ပြထားသော အဆိုပါသတင်းကို ဖြုတ်ချပေးသည်အထိ ထိုင်ထလုပ်ရမည်ဟု ဖမ်းဆီးချုပ်နှောင်သူတို့က သတင်းထောက်ကို ပြောဆိုခဲ့သည်ဟု သိရသည်။

ထိုင်ထ အကြိမ် ၃ဝဝ ခန့် လုပ်ခဲ့ရသည်ဟု ဆိုသည်။

ဤဖြစ်ရပ်နှင့် ပတ်သက်ပြီး ကချင်ပြည်နယ်ရှိ သခင်စစ်ကုမ္ပဏီအား ဆက်သွယ်မေးမြန်းနိုင်သည့် တယ်လီဖုန်းနံပါတ်ကို မရရှိသေးပေ။

မြစ်ကြီးနားဂျာနယ်သည် အပတ်စဉ်ထုတ် သတင်းဂျာနယ် ဖြစ်သည်။

တရုတ်နိုင်ငံမှ လုပ်ငန်းရှင်တို့ ကချင်ပြည်နယ်တွင် တစ်ရှူးငှက်ပျောစိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်နေကြကြောင်း၊ အများအပြားမှာ တရားမဝင် စိုက်ပျိုးနေခြင်းဖြစ်ကြောင်း၊ ဒေသတွင်း သဘာဝပတ်ဝန်းကျင်ပျက်စီးပြီး ဒေသခံတို့ နစ်နာနေရကြောင်း  ဝိုင်းမော်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလဂမ်ဇယ်ဂျုံးက သတင်းဌာနများကို ပြောခဲ့ဖူးသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles