အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ခန္တီးထောင်ဖောက်ပြေးသူများအနက် ပြန်အဖမ်းခံရသူတစ်ဦး နာရီပိုင်းအတွင်း သေဆုံး 

စစ်ကိုင်းတိုင်းအထက်ပိုင်းရှိ ခန္တီးမြို့အချုပ်ထောင်မှ ထွက်ပြေးသူများအနက် ပြန်အဖမ်းခံရသူတစ်ဦး စစ်ကြောရေးရောက်ပြီးနောက် နာရီပိုင်းအတွင်း သေဆုံးသွားကြောင်း သိရသည်။

ယမန်နေ့ (အောက်တိုဘာ ၁၈) နံနက်ပိုင်းတွင် ခန္တီးအချုပ်ထောင်ဖောက်ပြေးသူ ၁၄ ဦးအနက် ၅ ဦးကို ထောင်အာဏာပိုင်များက ပြန်လည်ဖမ်းမိခဲ့သည်။

ပြန်အဖမ်းခံရသူများအနက် စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်အစပ် ဆယ်ဇင်းရွာမှ အသက် ၂၅ နှစ် အရွယ် အားပုံဆိုသူမှာ ယမန်နေ့ မွန်းလွဲပိုင်းက စစ်ကြောရေးတွင် သေဆုံးခဲ့သည်ဟု ရဲကြေးနန်းစာအရ သိရသည်။ 

အသက် ၂၀ ကျော်အရွယ် ထိုလူငယ်မှာ မူးယစ်ဆေးဝါးမှု၊ သွင်းကုန်ထုတ်ကုန်မှုတို့ဖြင့် ခန္တီးအချုပ်ထောင်ရောက်နေသူဖြစ်ကာ စစ်ကြောရေးတွင် သေဆုံးခဲ့သော်လည်း အဖျားရောဂါကြောင့်ဟု စစ်ကောင်စီက အကြောင်းပြထားသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ပြန်လည်အဖမ်းခံရသည့် ကျန် ၄ ဦး၏ အခြေအနေကိုမူ မသိရပေ။

အချုပ်ထောင်အိမ်သာရှိ သံတိုင်ကို သံဖြတ်လွှဖြင့် ဖြတ်တောက်၍ ထွက်ပြေးခဲ့ခြင်းဖြစ်ပြီး အပြင်ရှိ ရဲတပ်သားတစ်ဦးကို ထိုးကြိတ်ကာ သေနတ်တစ်လက် ယူဆောင်သွားသည်ဟုလည်း ကြေးနန်းစာတွင် ဖော်ပြသည်။

ထောင်ဖောက်ပြေးသူများတွင် အကြမ်းဖက်မှု တိုက်ဖျက်ရေးပုဒ်မနှင့် ဖမ်းဆီးတရားစွဲဆိုခံထားရသူ ၄ ဦးလည်း ပါဝင်သည်ဟု သိရသည်။​

လက်ရှိတွင် ခန္တီးမြို့ အဝင်အထွက်လမ်းများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပိတ်ဆို့ထားပြီး လုံခြုံရေး တင်းကျပ်ထားသည်ဟု မြို့ခံတစ်ဦးက ပြောသည်။

“မြို့အဝင်အထွက်လမ်းတွေကို ပိတ်ထားတယ်ပေါ့။ ရွာတွေဘက်ကို သွားတဲ့လမ်းတို့၊ တောထဲ သွားတဲ့ လမ်းတွေကို ပိတ်ထားတယ်” ဟု ၎င်းက ဆိုသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၁၀ ကလည်း မကွေးတိုင်း၊ ပခုက္ကူထောင်မှ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အဖွဲ့ဝင်နှင့် နိုင်ငံရေးအကျဉ်းသား အသက် ၂၀ ဝန်းကျင် လူငယ် ၅ ဦး ထွက်ပြေးလွတ်မြောက်ခဲ့သည်။

ထောင်အိပ်ဆောင် သံတိုင် (သို့မဟုတ်) သစ်သားတိုင်ဖြင့် ကာရံထားသည့် ဘာယာတန်းအောက်ခြေကို ဖြတ်တောက်ကာ ထောင်အုတ်ရိုးကို ကျော်တက်၍ ထွက်ပြေးခဲ့ကြခြင်း ဖြစ်သည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles