အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်ရမှသာ နောက်တစ်ကြိမ်သွားမည်ဟု ကုလသံပြော 

အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရမှသာ နေပြည်တော်သို့ နောက်တစ်ကြိမ် ထပ်သွားမည်ဖြစ်ကြောင်း ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ဖြစ်သူ နိုလင်းဟေဇာက ထုတ်ဖော်ပြောဆိုလိုက်သည်။

စင်ကာပူနိုင်ငံရှိ ISEAS အင်စတီကျူ့၏ ယနေ့ (စက်တင်ဘာ ၅) ပြုလုပ်သော ဆွေးနွေးပွဲတွင် နေပြည်တော်သို့ နောက်တစ်ကြိမ်သွားရန် ရှိမရှိ မေးမြန်းမှုအပေါ် ကုလအထူးကိုယ်စားလှယ်က အထက်ပါအတိုင်း မှတ်ချက်ပြုသည်ဟု Al Jazeera သတင်းဌာနက ရေးသားသည်။

ပြီးခဲ့သည့်လလယ်ပိုင်းတွင် နေပြည်တော်သွားရောက်ကာ စစ်ကောင်စီနှင့် တွေ့ဆုံခဲ့သော်လည်း ရလဒ်အနေဖြင့် မဆိုသလောက်သာ ထွက်ပေါ်ခဲ့သည်ဟုလည်း ပြီးခဲ့သည့်နှစ် အောက်တိုဘာလအတွင်း ကုလအထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ခံရသူ နိုလင်းဟေဇာက ဝန်ခံပြောဆိုသည်။

ရလဒ်နှင့် ပတ်သက်၍ “နည်းနည်းလေးဖြစ်ဖြစ် ဖြည့်ဆည်းပေးနိုင်ဖို့ ကျွန်မဆုတောင်းနေပါတယ်” ဟု ကုလထူးသံက ဆိုသည်။ 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

စစ်တပ်က အာဏာသိမ်းပြီး တစ်နှစ်ခွဲကျော်ကာလအတွင်း ပထမဆုံးအကြိမ် ကုလအဆင့်မြင့် ကိုယ်စားလှယ်တစ်ဦးအဖြစ် နေပြည်တော်ရောက် နိုလင်းဟေဇာမှာ အာဏာသိမ်းခေါင်းဆောင်အပါအဝင် စစ်ကောင်စီအဖွဲ့ဝင် အချို့နှင့်သာ တွေ့ဆုံခွင့်ရခဲ့သည်။

နေပြည်တော်၌ မင်းအောင်လှိုင်နှင့် တွေဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရန် တောင်းဆိုခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။

ကုလအထူးကိုယ်စားလှယ်၏ နေပြည်တော်ခရီးစဉ်အကြောင်း ထုတ်ပြန်ချက်တွင် ပဋိပက္ခနှင့် မြန်မာ ပြည်သူလူထု ခံစားနေရသည့် ဒုက္ခများ လျော့ပါးသက်သာစေရန်အလို့ငှာ နေပြည်တော်သို့ သွားရောက်ခြင်းဖြစ်ကြောင်း၊ ကုလသမဂ္ဂအနေဖြင့် မည်သို့သော တရားဝင်မှုကိုမျှ ပေးအပ်ခြင်းမဟုတ်ကြောင်း ဖော်ပြခဲ့သည်။

မြန်မာနိုင်ငံမှ နိုလင်းဟေဇာပြန်လည်ထွက်သွားပြီးနောက် စစ်ကောင်စီက စာမျက်နှာ ၂၈ မျက်နှာပါ ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ရာ ကုလသမဂ္ဂအနေဖြင့် ၎င်းတို့ကို အသိအမှတ်ပြုမှသာ တွေ့ဆုံဆွေးနွေးရေးနှင့် အခြားသောလုပ်ငန်းစဉ်များ ရှေ့ဆက်နိုင်မည်ဆိုသည့်သဘော ဖော်ပြခဲ့သည်။

ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်၍ မည်သို့ဆက်လုပ်မည်ကိုပြောရန် စောလွန်းနေသေးကြောင်း၊ ယခုထက်ပို၍ အရေးယူနိုင်ကြောင်းလည်း စစ်ကောင်စီထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။ အာဏာမသိမ်းမီ ၂၀၂၁ ခုနှစ် ဇန်နဝါရီလအတွင်းက နောက်ဆုံတွေ့ဆုံစဉ် ၎င်း၏တောင်းဆိုမှုအပေါ် ဒေါ်အောင်ဆန်းစုကြည်ဘက်က မလိုက်လျောခဲ့ကြောင်းလည်း ကုလအထူးကိုယ်စားလှယ်နှင့် တွေ့ဆုံစဉ် အာဏာသိမ်းခေါင်းဆောင်က ထည့်သွင်းပြောဆိုခဲ့သည်ဟု ဆိုသည်။ 

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ထိတွေ့ဆက်ဆံခြင်း အပါအဝင် ၎င်း၏ဆောင်ရွက်ချက်များနှင့်ပတ်သက်၍ စစ်ကောင်စီက ကုလသမဂ္ဂထံ သုံးကြိမ်တိုင် သတိပေးစာပေးပို့ ခဲ့သည်ဟုလည်း နိုလင်းဟေဇာက ယနေ့ ထုတ်ဖော်ပြောဆိုသည်။ 

ဒေါ်အောင်ဆန်းစုကြည်နှင့် ကျန်းမာရေးအခြေအနေအပေါ် အထူးစိုးရိမ်ကြောင်း အလုပ်ကြမ်းနှင့် ထောင်ဒဏ်ထပ်မံချမှတ်သည့် စစ်ကောင်စီလုပ်ရပ်ကို အပြစ်တင်ကြောင်းလည်း ယနေ့ ISEAS ဆွေးနွေးပွဲတွင် ကုလအထူးကိုယ်စားလှယ်က ထုတ်ဖော်ပြောဆိုသည်။ 

နေပြည်တော်တို့ ကုလအထူးကိုယ်စားလှယ် မရောက်မီတစ်ရက်တွင် စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည် ထောင်ဒဏ်ခြောက်နှစ် ထပ်ချသည့်အပြင် ယခုလ ၂ ရက်နေ့တွင်လည်း နောက်ထပ် ထောင်ဒဏ် နှစ်နှစ်ချမှတ်ခဲ့သည်။

အာဏာသိမ်းစစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ကို ယခုနှစ်အတွင်း နေပြည်တော်အချုပ်ထောင်သို့ ပြောင်း ရွှေ့ချုပ်နှောင်ထားပြီး အမှုပေါင်း ၁၉ မှုဖြင့် တရားစွဲထားကာ ၁၁ မှုအတွက် ထောင်အနှစ် ၂၀ ချမှတ်ပြီးဖြစ်သည်။​

မြန်မာ့အရေးနှင့် ပတ်သက်၍ အလုပ်မဖြစ်သော ကုလအထူးသံ၏ လုပ်ပိုင်ခွင့်အာဏာကို ရုတ်သိမ်းပေးရန် ပြည်တွင်းပြည်ပ အဖွဲ့အစည်းပေါင်း ၈၀၀ ကျော်က ပြီးခဲ့သည့်လကုန်ပိုင်းတွင် တောင်းဆို ထားသည်။​

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button