အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ထီးလင်းရဲစခန်း ပစ်ခတ်ခံရပြီး မြို့ပေါ်တွင် တိုက်ပွဲဖြစ်

မကွေးတိုင်းအနောက်ပိုင်း ထီးလင်းမြို့ပေါ်ရှိ ရဲစခန်းတစ်ခုကို ဩဂုတ် ၂၂ နံနက်တွင် လက်နက်ကြီးဖြင့် သွားရောက်ပစ်ခတ်ခဲ့ပြီးနောက် မြို့ပေါ်တွင် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဒေသခံ တော်လှန်ရေးအဖွဲ့တစ်ခု ဖြစ်သည့် YDF-ထီးလင်းထံမှ သိရသည်။

နံနက် ၈ နာရီခန့်က မြို့ပေါ်ရှိ ရဲစခန်းနှစ်ခုရှိသည့်အနက် တောင်ဘက်ရှိ ရဲစခန်းကို YDF-ထီးလင်းမှ တပ်ရင်း (၇)၊ တပ်ရင်း (၈) တပ်ဖွဲ့ဝင်များနှင့် တွေ့မရှောင်အဖွဲ့ (ပေါက်တောင်ပိုင်း) အဖွဲ့တို့ ပူးပေါင်းပြီး ပစ်ခတ်ပြီး အထိအခိုက်မရှိ နောက်ပြန်ဆုတ်နိုင်ခဲ့သည်ဟု YDF-ထီးလင်းမှ ဗျူဟာမှူးက ပြောသည်။

“လက်နက်ကြီးတစ်လုံးကတော့ ရဲစခန်းဝင်းအတွင်းကို ထိထိမိမိကို ကျတယ်၊ သူတို့ဘက်က ထိခိုက် ကျဆုံးမှု ရှိမရှိကိုတော့ ထောက်လှမ်းလို့ မရသေးဘူးဖြစ်နေတယ်” ဟု သူက ဆိုသည်။

ရဲစခန်း ပစ်ခတ်မှုအပြီး မိနစ်အနည်းငယ်အကြာတွင် ကင်းလှည့်နေသည့် စစ်ကောင်စီတပ်နှင့် ၎င်းတို့အဖွဲ့များ မြို့တောင်ဘက် မီးသတ်စခန်းအနီး တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

အဆိုပါ တိုက်ပွဲတွင်လည်း ၎င်းတို့ တပ်များ ထိခိုက်မှုမရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်၏ အခြေအနေကို မသိရသေးကြောင်း ၎င်းက ပြောသည်။

ပစ်ခတ်မှုများပြီးသည့်နောက် မြို့ပေါ်ရှိ ဈေးဆိုင်အချို့ ပိတ်ထားလိုက်ရပြီး အသွားအလာလည်း နည်းပါးသွားသည်ဟု အသက် ၅၀ ခန့်ရှိသည့် ဒေသခံ အမျိုးသားတစ်ဦးထံမှ သိရသည်။

ပစ်ခတ်တိုက်ခိုက်မှုများ မကြာခဏဖြစ်ပွားနေသည့် ထီးလင်းမြို့တွင် စစ်ကောင်စီတပ်က လုံခြုံရေး တင်းကျပ်ထားပြီး စက်သုံးဆီဝယ်ယူခြင်းကိုလည်း ကန့်သတ်ထားသည်ဟု အထက်ပါ မြို့ခံနှင့် YDF-ထီးလင်းအဖွဲ့ထံမှ သိရသည်။

စက်သုံးဆီ ဝယ်ယူရာတွင် စစ်ဆေးမေးမြန်းခြင်း၊ မြို့မှ ထွက်ခွာရာတွင် ရဲစခန်းကို သတင်းပို့ရခြင်း စသည့် အချက်များကြောင့် ကျေးလက်ဒေသခံများ  စားနပ်ရိက္ခာသယ်ယူရာတွင် ခက်ခဲနေသည်ဟု ဆိုသည်။

“မြို့ပေါ်မှာရှိတဲ့ ပြည်သူတွေအကုန်လုံးအနေနဲ့ကတော့ ကြောက်လန့်ပြီးတော့ နေကြရတယ်၊ ဘယ်မှလည်း ထွက်လို့ မရဘူး၊ နောက်ပြီးတော့ ရွာတွေဘက်က လာရင်လည်း စစ်ဆေးမှုတွေ တအားများတဲ့အတွက် ပြည်သူတွေက အတော်လေးအခက်တွေ့နေရတယ်ဗျ” ဟု YDF -ထီးလင်း ဗျူဟာမှူးက ပြောသည်။ 

ယနေ့ မွန်းလွဲပိုင်းတွင် ထီးလင်းမြို့မြောက်ဘက်ရှိ ရွှေဂုံတိုင်ရွာကို အင်အား ၁၀၀ ခန့်ရှိသည့် စစ်ကောင်စီ စစ်ကြောင်းတစ်ခု ဝင်ရောက်စစ်ဆေးနေသည်ဟု YDF-ထီးလင်းအဖွဲ့ထံမှ သိရသည်။

စစ်ကြောင်းထိုးလှုပ်ရှားနေသည့်အတွက် တိုက်ပွဲ အချိန်မရွေး ဖြစ်ပွားနိုင်သည်ဟု အထက်ပါ ဗျူဟာမှူးက ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ငြိမ်းချမ်းစွာ ဆန္ဒပြပြည်သူများကိုပင် ပစ်ခတ်သတ်ဖြတ်ခဲ့သည့်အတွက် နိုင်ငံအနှံ့ လက်နက်ကိုင်တော်လှန်ကြရာတွင် ယောဒေသလည်း ရှေ့တန်းမှ ပါဝင်ခဲ့သည်။

ချင်း-မကွေးနယ်စပ်တစ်လျှောက်တွင် ရှိနေသည့် ထီးလင်း၊ ဂန့်ဂေါစသည့် ယောဒေသမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ၎င်းတို့ ဒေသအတွင်း စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်ကို အဆက်မပြတ်တိုက်ခိုက်နေသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles