အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ထားဝယ်တွင် စစ်တပ်က အရပ်သားတစ်ဦးကို သတ်ဖြတ်၊ အလောင်းစွန့်ပစ်

တနင်္သာရီတိုင်း၊ ထားဝယ်မြို့တွင် အမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးသတ်ဖြတ်ပြီး နောက်တစ်နေ့ ဩဂုတ် ၅ နံနက် လမ်းဘေးတစ်နေရာမှာ အလောင်းလာစွန့်ပစ်ခဲ့ကြောင်း သိရသည်။ 

ဩဂုတ် ၄ ည ၁၀ နာရီခန့်တွင် ထားဝယ်မြို့ ဘုမ္မော်ရပ်ကွက်၌ နေထိုင်သည့် အသက် ၅၀ အရွယ် ဦးစိုးမြင့်ကို စစ်ဘက်ဆိုင်ရာလုံခြုံရေးအဖွဲ့ (စရဖ) နှင့် အရပ်ဝတ်စစ်သားများက လာရောက်ဖမ်းဆီးသွားပြီး နောက်တစ်နေ့ နံနက်တွင် အလောင်းကို လာရောက်စွန့်ပစ်ခဲ့ခြင်း ဖြစ်သည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ထားဝယ်မြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

ဦးစိုးမြင့်၏ ရုပ်အလောင်းကို ထားဝယ်မြို့အထွက် အမှတ် ၈ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ) အနီး ထားဝယ် -ရန်ကုန် လမ်းမပေါ်ရှိ ဇဟာရွာဝန်းကျင်၌ တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။ 

ထိုမှတစ်ဆင့် လူမှုကယ်ဆယ်ရေးအဖွဲ့တစ်ခုက ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး အလောင်းလာထုတ်ရန် မိသားစုဝင်များကို ဆေးရုံက အကြောင်းကြားခဲ့သည်ဟု ဆိုသည်။ 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

“နားထင်မှာ သေနတ်ဒဏ်ရာလို့ ယူဆရတဲ့ ဖောက်ဝင်ဒဏ်ရာနဲ့ အရိုက်ခံထားရလို့ အညိုအမည်းတွေဖြစ်နေတာတွေ တွေ့တယ်လို့ ပြောပါတယ်” ဟု ထိုဒေသခံအမျိုးသားက မျက်မြင်များကို ကိုးကား၍ ပြောသည်။

ဦးစိုးမြင့်သည် ထားဝယ်မြို့နယ် ဂုံညင်းဆိပ်ရွာသားဖြစ်ပြီး ထားဝယ်မြို့ ဘုမ္မော်ရပ်ကွက်တွင် လာရောက်နေထိုင်သည်မှာ နှစ်လခန့်သာရှိသေးသည်ဟု သိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ထောက်ခံသူ အရပ်သားတစ်ဦးဖြစ်သည့် ဦးစိုးမြင့်ကို စစ်အာဏာသိမ်းပြီး ငါးလခန့်အကြာ ၂၀၂၁ ခုနှစ် ဇူလိုင်လ ၁၈ ကလည်း စစ်တပ်က ဖမ်းဆီးခဲ့ပြီး ငွေကျပ် ၃၇၆ သိန်းဖြင့် မိသားစုက ပြန်လည် ရွေးယူခဲ့ရကြောင်း ၎င်းကပြောသည်။

“NLD ထောက်ခံသူ သက်သက်ပါပဲ။ ပိုက်ဆံလိုချင်လို့ သက်သက်ဖမ်းတာ။ အရင်က ဖမ်းခံရအချိန်ကလည်း ငွေသိမ်းယူခံရတာ သတင်းပြန့်ဖူးပါတယ်။ (အဖမ်းခံရပြီး) အရင်ကတော့ ရန်ကုန်ဘက်တွေ သွားရှောင်နေသေးတယ်”

ထိုစဉ်က ဂုံညင်းဆိပ်ရွာ၌ ဦးစိုးမြင့်ကဲ့သို့ပင် ငွေညှစ်ခံရသူ နှစ်ဦးရှိပြီး ၂၀၂၁ ခုနှစ် ဧပြီလကလည်း ဂုံညင်းဆိပ်နှင့် ချောင်းတစ်ခုသာခြားသည့် ကနက်သီရိရွာတွင် ရွာခံအများအပြား ဖမ်းဆီးခံရပြီး ၎င်းတို့ထဲမှ အချို့မှာ ငွေပေးပြီး ပြန်လည်လွတ်မြောက်ခဲ့သည်။

စစ်အာဏာသိမ်းပြီးနောက် တစ်နှစ်ခွဲအတွင်း စစ်တပ်က ပြည်သူ ၂၁၅၇ ဦးကို သတ်ဖြတ်ခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ယမန်နေ့အထိ စာရင်းများအရ သိရသည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button